30

1.1K 42 4
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 30

" ယောက်ျားလေးက မိန်းကလေးကိုပဲသဘောကျရမယ်ဆိုတဲ့ ပေါတောတောလောဂျစ်ကို ပလစ်လိုက်တော့ "

1.

မငိုတော့သော်လည်း နှာတရှုံ့ရှုံ့လုပ်နေသော နိုအာ့ကို ကျွန်တော် ပြုံးပြလိုက်ပြီး

" နိုအာက လိမ္မာတာပဲကို ... မငိုနဲ့တော့ ... အဲ့ဒီကလေးကို မကယ်နိုင်ခဲ့ပေမဲ့ နောက်ထပ်ကလေးတွေကိုကယ်ဖို့အခွင့်အရေး မင်းမှာရှိပါတယ် "

ဟု ပြောလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် နိုအာက

" ဂျက်ဆင်လည်း ကျွန်တော့်ကိုအဲ့ဒီလိုပြောတယ် "

ဟု ပြောသည် ။ နိုအာပြောသည့် ဂျက်ဆင့်ကို ကျွန်တော် မသိသော်လည်း ခေါင်းညိတ်ကာ

" မင်းမှာသူငယ်ချင်းကောင်းရှိတာပဲ "

ဟု ပြောလိုက်သည် ။ ကျွန်တော့်စကားကို နိုအာက ပြန်မတုံ့ပြန် ။

" ဟုတ်တယ် ... စီလင်းကိုမကယ်နိုင်ရင်တောင် မေပယ်လ့်အတွက် တရားမျှတမှုကိုရှာပေးလို့ရတာပဲ "

ဟု ခပ်တိုးတိုးရေရွတ်သည် ။ ထို့ကြောင့် နိုအာ့ခေါင်းကို ဖွဖွပွတ်လိုက်ပြီး

" ဒါပေါ့ "

ဟု ပြောလိုက်သည် ။

2.

နိုအာ့လက်ကိုဆွဲ၍ နားနေခန်းထဲဝင်လာသောကျွန်တော့်ကို အကုန်လုံးက တအံ့တသြ ဝိုင်းကြည့်နေကြသော်လည်း ကျွန်တော်တို့နှစ်ယောက်စလုံး ဂရုမစိုက်ဖြစ် ။ နိုအာ့ကို ခုံတွင်ထိုင်ခိုင်ပြီး ဆေးသေတ္တာကိုဖွင့်ကာ နိုအာ့လက်မှ ဒဏ်ရါများကို ဆေးထည့်ပေးလိုက်သည် ။ ထိုသို့ထည့်ပေးရင်း အနည်းငယ်ကြီးသည့်ဒဏ်ရါကို အရက်ပြန်နှင့်ထိမိသောအခါ နိုအာက တွန့်သွားပြီး ကျွန်တော့်လက်ကို ဖွဖွဆုပ်ကိုင်လာသည် ။ ကျွန်တော်

" နိုအာ ... ကိုယ် "

ဟု စကားစရုံသာရှိသေးသည် ။ နိုအာ၏ နောက်ထပ်လက်တစ်ဖက်က ကျွန်တော့်လက်ကို အုပ်မိုး၍ဆုပ်ကိုင်သည် ။ ပြီးမှ

My boyfriend is a doctor (10)Where stories live. Discover now