10

1.4K 54 3
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 10

" ငါဆရာဝန်လုပ်လာတဲ့တစ်သက်မှာ မင်းလောက်ရှုပ်ထွေးတဲ့လူမမြင်ဖူးသေးဘူး "

1.

နှုတ်ခမ်း၊ အရေပြား၊ လက်ချောင်းခြေချောင်းများ ပြာနေသော ကလေး၏ပုံစံက မွေးရာပါနှလုံးရောဂါကြောင့်ဖြစ်ခြင်းမှန်း မြင်ကတည်းကသိသော်လည်း စိုးရိမ်ပူပန်နေသော မိခင်ဖြစ်သူအားကြည့်၍ ကျွန်တော်ပါ အတူပူပန်ရသည် ။ ထို့ကြောင့် အနားတွင်ရှိနေသော သူနာပြုဆရာမလေးအား

" ဆရာမ ... အက်ကိုးရိုက်မယ် ... အဆင်သင့်ပြင်ထားပေး "

ဟု ပြောလိုက်သည် ။ ပြီးမှ မိခင်ဖြစ်သူအား

" ဘာမှစိတ်မပူနဲ့ ... ကျွန်တော်တတ်နိုင်တာထက်ပိုပြီး လုပ်ပေးပါ့မယ် "

ဟု ပြောလိုက်သည် ။ မိခင်ဖြစ်သူက ကျွန်တော့်ကို အားကိုးတကြီးဖြင့်ကြည့်ကာ

" အကူအညီတောင်းပါတယ် ဒေါက်တာ "

ဟု ပြောသဖြင့် ခေါင်းညိတ်ပြကာ နေရာမှထွက်လာခဲ့လိုက်သည် ။

2.

ကလေးလူနာတွင်ဖြစ်သော နှလုံးရောဂါက ကုသ၍လွယ်သည့် ရောဂါဖြစ်သောကြောင့် ကလေး၏မိခင်သာမက ကျွန်တော်ပါ စိတ်သက်သာရာရသွားသည် ။ ကလေးအား စိတ်မပူရန်ပြောပြီး လတ်တလောလိုအပ်သည့် ကုသမှုများလုပ်ပေးကာ မိခင်ဖြစ်သူအား ကလေးအနားတွင် ထားခဲ့ပေးပြီးမှ နားနေခန်းထဲသို့ ဝင်လာခဲ့လိုက်သည် ။

နားနေခန်းထဲရောက်သောအခါမှ ကိုယ့်ဝေဒနာကိုသတိရသည် ။ ဗိုက်က စောစောကလောက် မအောင့်တော့သော်လည်း မထိုင်နိုင်သေး ။ ထို့ကြောင့် ဂျူတီကျသော အခြားဆရာဝန်အား မှာစရာရှိသည်များကိုမှာ၍ အဆောင်သို့ပြန်ရန်ပြင်သည် ။ ထိုစဉ် အမျိုးသားသူနာပြုတစ်ဦးက ကျွန်တော်ရှိနေသည့်နေရာသို့ ရောက်လာကာ

" ဒေါက်တာနိုအာ ... ဆေးရုံအုပ်ကြီးက ရုံးခန်းထဲခဏလာခဲ့ပါအုံးတဲ့ "

ဟု ပြောသည် ။ အမျိုးသားသူနာပြု၏စကားကြောင့် ကျွန်တော် အဆောင်သို့ပြန်ရန်ပြင်နေသော ခြေလှမ်းများကို ဆေးရုံအုပ်ကြီးရုံးခန်းဆီသို့ ဦးတည်ရာပြောင်းလိုက်သည် ။

My boyfriend is a doctor (10)Where stories live. Discover now