40

2K 42 6
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 40

" လမ်းဘေးကလူနဲ့လက်ထပ်မယ်ဆိုရင်တောင် သဘောတူပေးမယ် "

1.

ကျွန်တော် မေမေ့ထံသို့ရောက်သည်နှင့် ခပ်ရေးရေးပြုံးကာ

" မေမေလာမဲ့အကြောင်း ကျွန်တော့်ကိုပြောတောင်မပြောဘူး ... လာကြိုမှာပေါ့ "

ဟု ပြောလိုက်သည် ။ ပြောရင်းနှင့် နိုအာ့လက်မောင်းကို ပေါ်တင်ပင်တွဲလိုက်ကာ

" မေမေရောက်လာတာနဲ့ အတော်ပဲ ... မေမေ့ကိုပြောစရာရှိတယ် ... ကျွန်တော့်အခန်းဆီတက်ကြရအောင် "

ဟု ပြောလိုက်သည် ။ ပြီးမှ မေမေ့လက်ထဲတွင်ကိုင်ထားသည့်ပိုက်ဆံအိတ်ကိုယူလိုက်ကာ

" ဒီဘက် မေမေ "

ဟု ပြောပြီး ဓာတ်လှေကားခေါ်သည့်ခလုတ်ကို နှိပ်လိုက်သည် ။ မေမေကမူ မည်သည့်စကားမှမဆိုပဲ ကျွန်တော်ခေါ်ဆောင်ရာအနောက်သို့ လိုက်လာသည် ။

2.

အခန်းထဲရောက်သည်အထိ ကျွန်တော်တို့သုံးယောက်စလုံး မည်သည့်စကားမှ မဆိုမိကြ ။ နိုအာက

" ကိုကြီးမေမေနဲ့စကားပြောနှင့်အုံး ... ကျွန်တော် သောက်စရာတစ်ခုခုသွားလုပ်လိုက်အုံးမယ် "

ဟု ပြောကာ အလိုက်တသိနှင့် ရှောင်ထွက်ပေးသွားသောအခါမှ မေမေက

" အဲ့ဒီကလေးလား "

ဟူ၍ စကားစသည် ။ မေမေပြောသည်ကို ကျွန်တော် ကောင်းကောင်းနားမလည်သောကြောင့်

" ဗျာ "

ဟု ရေရွတ်လိုက်မိသည် ။ ထိုအခါမှ မေမေက

" လက်ထပ်မယ်ဆိုတဲ့ချစ်သူက အဲ့ဒီကလေးလား "

ဟု ထပ်မေးသည် ။ ထို့ကြောင့် ကျွန်တော် ခေါင်းညိတ်လိုက်ပြီး

" မေမေကသိနေတာလား "

ဟု မေးလိုက်သည် ။ ကျွန်တော့်မေးခွန်းကို မေမေက

" အင်း ... ပင်းပင်းပြောတာ "

ဟု ပြန်ဖြေသဖြင့် ပြုံးလိုက်ပြီး

My boyfriend is a doctor (10)Where stories live. Discover now