5

1.6K 69 2
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 5

" ဒီနေ့တစ်ရက်တော့ ငါ့ကိုလွတ်လွတ်လပ်လပ်ပေးနေစမ်းပါ "

1.

စီနီယာဒေါက်တာမမ၏ အကူအညီဖြင့် ကျွန်တော့်နှုတ်ဆက်ပွဲကို အောင်အောင်မြင်မြင်နှင့် ကျင်းပနိုင်ခဲ့သည် ။ စာ၍သောက်၍ ပြီးသောအခါ စီနီယာဒေါက်တာမမက ကျွန်တော့်ကိုရယ်ပြပြီး

" ခန့်ကလေး ... နောက်တစ်နေရာထပ်သွားရအောင် "

ဟု ပြောသည် ။ ထို့ကြောင့် ကျွန်တော် ခေါင်းကုတ်လိုက်ပြီး

" အစ်မတို့က ဘယ်သွားချင်လို့လဲ "

ဟု မေးလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် စီနီယာဒေါက်တာမမက

" KTV "

ဟု ပြန်ဖြေသည် ။ စီနီယာမမ၏စကားကြောင့် ကျွန်တော် နာရီကိုကြည့်လိုက်သည် ။ ကိုးနာရီသာရှိသေးသောကြောင့် ခေါင်းညိတ်လိုက်ပြီး

" သွားလေ "

ဟု ပြောလိုက်သည် ။ ကျွန်တော့်ထံမှ ခွင့်ပြုချက်ရသည်နှင့် စီနီယာဒေါက်တာမမက လက်နှစ်ဖက်ထောင်ကာ အခြားလူများအား

" ဟေး .... KTV သွားကြမယ်ဟေ့ "

ဟု ဝမ်းသာအားရလှမ်းအော်သည် ။ စီနီယာမမ၏ စကားအဆုံးတွင် ကျွန်တော်လည်း ထိုင်နေရာမှထကာ အခြားနေရာသို့ရွှေ့ရန် ပြင်ရတော့သည် ။

2.

စားသောက်ဆိုင်တွင်သောက်ခဲ့သည်နှင့်ပင် အတော်များနေပြီဖြစ်သော်လည်း KTV သို့ရောက်သောအခါ လုပ်ဖော်ကိုင်ဖက်များက ထပ်တိုက်သဖြင့် ထပ်သောက်ရပြန်သည် ။ အားနာနာနှင့်သောက်နေရသဖြင့် နှစ်ပင်လိမ်ကာ အတော်မူးနေပြီဖြစ်သည် ။ ထို့ကြောင့် သီချင်းဆိုနေကြသူများကို ခတ္တထားကာ အိမ်သာသွားရန် ထိုင်နေရာမှ ထလာခဲ့လိုက်သည် ။ အပြင်ထွက်ရန် တံခါးဟရုံသာရှိသေးသည် ။ အပြင်တွင်ရပ်နေသောလူကြောင့် အမူးပင်ပြေသွားရကာ

" ပင်းပင်း "

ဟု ခေါ်လိုက်ငည် ။ ပင်းပင်းက ကျွန်တော့်ကိုကြည့်၍

My boyfriend is a doctor (10)Where stories live. Discover now