8

1.4K 60 2
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 8

"  ကျွန်တော် .... နောက်အပတ် လန်ဒန်သွားတော့မယ် "

1.

" မနေ့ညက နှုတ်ဆက်ထမင်းစားပွဲမလုပ်ဖြစ်ဘူးလို့ ဒီမနက်ပဲ ပင်းပင်းအမေဖုန်းဆက်လာတယ် "

ဟု မေမေက ပြောလာသောကြောင့် ကျွန်တော် ခေါင်းငုံ့လိုက်မိသည် ။ မေမေကပင်ဆက်၍

" ဘာတွေဖြစ်ခဲ့တာလဲ သား ... မနေ့ညက သားပြောတော့ အကုန်အဆင်ပြေတယ်ဆို "

ဟု ပြောသည် ။ ပင်းပင်းမူးလာ၍ ပွဲပျက်သွားကြောင်း မေမေ့ကိုမပြောလိုသော်လည်း မေမေက အတင်းအကြပ်မေးလာသောကြောင့် သက်ပြင်းရှိုက်လိုက်ပြီး မနေ့ညကအကြောင်းအရာများကို အကုန်အစင်ပြောပြလိုက်သည် ။ မေမေက ကျွန်တော်ပြောပြသည်ကိုနားထောင်ပြီး သက်ပြင်းရှိုက်ကာ ခေါင်းညိတ်၍

" မေမေတို့ပြန်စဉ်းစားဖို့လိုနေပြီ "

ဟု ပြောသည် ။ မေမေက ပင်းပင်းနှင့် လက်ထပ်ရမည့်ကိစ္စကို ပြောနေမှန်းသိသောကြောင့် မေမေ့လက်ကို ဆုပ်ကိုင်လိုက်ပြီး

" အလျင်မလိုပါနဲ့အုံး မေမေ ... သားတို့ညှိကြည့်လိုက်ပါအုံးမယ် "

ဟု ပြောလိုက်သည် ။ ပြီးမှ

" မေမေအလုပ်သွားမှာဆိုသွားတော့လေ ... အစည်းအဝေးတွေဘာတွေရှိရင်နောက်ကျနေအုံးမယ် "

ဟု ထပ်ပြောလိုက်သည် ။

2.

အဆောင်မှထွက်လာစဉ်က သိပ်မအောင့်သောဗိုက်က ဆေးရုံသို့ရောက်သောအခါ သိသိသာသာအောင့်လာသဖြင့် ဗိုက်အောင့်သက်သာစေသည့်ဆေးတစ်လုံးဝါးကာ နားနေခန်းအတွင်း၌ ငြိမ်နေမိသည် ။ ထိုစဉ် သူနာပြုဆရာမလေးက အခန်းထဲဝင်လာပြီး

" ဒေါက်တာ .... အရေးပေါ်လူနာရောက်လာလို့ လာကြည့်ပေးပါအုံး "

ဟု ပြောသည် ။ သူနာပြုဆရာမလေး၏ စကားအဆုံးတွင် ကျွန်တော်

" အိုကေ ... အခုလာခဲ့မယ် ... sugar တွေဘာတွေ လိုတာစစ်ထားလိုက် "

ဟု ပြောကာ ထိုင်နေရာမှထလိုက်ပြီး နားကြပ်ကိုကောက်ယူလိုက်သည် ။ သူနာပြုဆရာမလေးအနောက်သို့လိုက်သွားရန် ဟန်ပြင်နေစဉ်မှာပင် ဂျက်ဆင်က အခန်းထဲဝင်လာသည် ။ သူနာပြုဆရာမလေးနှင့် သူနာပြုဆရာမလေးအနောက်သို့ လိုက်သွားရန်ဟန်ပြင်နေသောကျွန်တော့်ကိုကြည့်ကာ သူနာပြုဆရာမလေးအား

My boyfriend is a doctor (10)Where stories live. Discover now