34

1.1K 34 6
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 34

" ကျွန်တော်က ဘာပြောခွင့်ရှိတဲ့လူမို့လို့ ဘာပြောရမှာလဲ "

1.

" ဒီလိုဘာမှမပြောပဲထိုင်နေမယ့်အစား ကိုယ့်ကိုထုရိုက်ပြီး အော်ဟစ်သောင်းကြမ်းပစ်လိုက်တာကမှ အခုခံစားချက်ထက် ခံစားရသက်သာအုံးမယ်ထင်တယ် "

ဟု ပြောလိုက်သော ကျွန်တော့်စကားအဆုံးတွင် နိုအာက ကျွန်တော့်ကိုမကြည့်ပဲ

" ကျွန်တော်က ဘာပြောခွင့်ရှိတဲ့လူမို့လို့ ဘာပြောရမှာလဲ "

ဟူ၍ ရွတ်သည် ။ ထို့ကြောင့် ကျွန်တော် နိုအာ့လက်ကို ဖွဖွဆုပ်ကိုင်လိုက်ပြီး

" နိုအာ "

ဟု ခေါ်လိုက်သည် ။ နိုအာက ဆုပ်ကိုင်ထားသောကျွန်တော့်လက်ကို ရုန်းဖယ်ကာ

" ညကတစ်ညလုံး စဉ်းစားပြီးပြီ ... တကယ်တမ်း အပြစ်ရှိတာ ကျွန်တော်ပဲ ... ကိုကြီးကို ကျွန်တော့်ခံစားချက်တွေ ဝန်မခံခဲ့သင့်ဘူး "

ဟု ပြောသည် ။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရန်ကြိုးစားနေသော လူဆိုးလေးကိုကြည့်၍ ကျွန်တော် စိတ်မညစ်မိသလို ဒေါသလည်းမထွက်မိ ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" ကိုယ့်မိဘတွေသဘောနဲ့ ကိုယ်နဲ့သူကစေ့စပ်ခဲ့တာပါ ... ကိုယ့်မိဘတွေက သဘောတူတယ်ဆိုပေမဲ့ ကိုယ်ဒီကိုမလာခင်ကတည်းက သူ့အကျင့်တွေကိုသဘောမကျလို့ လက်ထပ်ဖို့ကိစ္စကိုတောင် ဖျက်မလို့လုပ်နေကြတာ "

ဟု ပြောလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် နိုအာက ပြုံးပြကာ

" ဒါပေမဲ့ မဖျက်ရသေးဘူးမဟုတ်လား "

ဟု ပြောသည် ။ ပြောပြီးသည်နှင့် မျက်နှာကိုပြန်တည်လိုက်သဖြင့် နိုအာ့စိတ်အခြေအနေကို သဘောပေါက်လိုက်သည် ။ သဘောပေါက်သည်နှင့် ချက်ချင်းပင်

" အခုဖျက်လို့လည်းမှီပါသေးတယ် "

ဟု ပြောလိုက်သည် ။

သို့သော် ...
နိုအာက နားမထောင် ။

" တော်ပါပြီ "

My boyfriend is a doctor (10)Where stories live. Discover now