39

1K 37 2
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 39

" ဖုန်းအစား ယောက္ခမကြီးရဲ့အကြိုက်တွေကိုပဲပြောပြပေး "

1.

ရိုစီအပါအဝင် အခြားသူများက လစ်မစ်ကျော်ကာ မူးမှောက်သွားကြပြီဖြစ်သောကြောင့် ဆိုင်ရာဆိုင်ရာနေရာများသို့ အငှါးကားနှင့် တင်ပေးလိုက်ပြီး နိုအာနှင့်ကျွန်တော်ကမူ လမ်းလျှောက်ဖြစ်ကြသည် ။ နိုအာက ကျွန်တော့်လက်မောင်းကိုမှီ၍ လမ်းလျှောက်နေရင်း တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့်

" မနက်ဖြန် ဂျူတီမဝင်ခင် ကျွန်တော်နဲ့အပြင်ခဏသွားရအောင် "

ဟု ဆိုသည် ။ ထို့ကြောင့် ကျွန်တော် နိုအာ့ကိုကြည့်လိုက်ပြီး

" ဘာဝယ်စရာရှိလို့လဲ "

ဟု မေးလိုက်သည် ။ နိုအာက

" စာမေးပွဲအောင်ရင် I Phone ဝယ်ပေးမယ်လို့ ကတိပေးထားတယ်လေ "

ဟု ဖြေသောအခါမှ ကျွန်တော်စာမေးပွဲအောင်လျှင် နိုအာက I Phone လက်ဆောင်ဝယ်ပေးမည်ဟု ပြောထားသည်ကို သတိရသွားသည် ။

သို့သော် ...
နိုအာ့ထံမှ လက်ဆောင်ပစ္စည်းများကို ကျွန်တော်မလိုချင်သဖြင့်

" ဖုန်းဝယ်မလို့အပြင်ထွက်မှာဆိုရင် မထွက်နဲ့တော့ ... ပြီးတော့ ကိုယ်ဖုန်းမလိုချင်ဘူး "

ဟု ပြောလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် နိုအာက မော့ကြည့်၍

" ဒါပေမဲ့ ကတိပေးထားတယ်လေ "

ဟု ပြောသည် ။ ပေးထားသောကတိကို အလွန်တည်ချင်နေသော နိုအာ့ကိုကြည့်၍ ကျွန်တော် အသည်းယားလာသဖြင့် ခေါင်းကို ဖွဖွပွတ်လိုက်ပြီး

" ဖုန်းအစား ယောက္ခမကြီးရဲ့အကြိုက်တွေကိုပဲပြောပြပေး "

ဟု ပြောလိုက်သည် ။ ရုတ်တရက်ဆန်သွားသောကြောင့် နိုအာက ချက်ချင်းသဘောမပေါက်သေး ။ ပြီးမှ သဘောပေါက်သွားဟန်ဖြင့် တဟားဟားအော်ရယ်ကာ

" ဒီယေါက္ခမနဲ့ဒီသမက် တော်တော်ဖြစ်နေကြတယ်ဟုတ်လား ... မေမေကလည်း သေချာမိတ်တောင်မဆက်ပေးရသေးတဲ့လူကို သမက်လေး သမက်လေးနဲ့ "

My boyfriend is a doctor (10)Where stories live. Discover now