11

1.3K 48 1
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 11

" ဒါလင်က ဟန်နီ့ကိုစိတ်ဆိုးနေတာလား ... မဆိုးပါနဲ့ကွာ ... ဟန်နီက ဒါလင်ပင်ပန်းမှာစိုးလို့ပါ "

1.

ဂျက်ဆင်က အနားယူရန်ပြောထားသော်လည်း ကျွန်တော်က လူအင်အားနည်းသောဤဆေးရုံတွင် နောက်ထပ်လူအင်အားနည်းမည်ကို စိုးရိမ်၍ ဂျက်ဆင်မသိအောင် ဆေးရုံဘက်သို့ ကူးလာခဲ့လိုက်သည် ။ ကျွန်တော့်ကိုမြင်သောအခါ ဧည့်ကြိုကောင်တာတွင်ထိုင်နေသော သူနာပြုဆရာမလေးက

" ဒေါက်တာနိုအာ ... ဒေါက်တာဂျက်ဆင်ပြောတာ နေမကောင်းလို့မလာနိုင်ဘူးဆို "

ဟု တအံ့တသြနှင့်မေးသည် ။ ထို့ကြောင့် ကျွန်တော် ပြုံးလိုက်ပြီး

" ဟုတ်တယ် ... မနက်က အတော်နေမကောင်းဖြစ်နေတာ ... ဒါပေမဲ့ ခဏလောက်နားလိုက်တော့ သက်သာသွားတယ် ... အဲ့ဒါကြောင့်ရောက်လာတာ "

ဟု ပြောလိုက်သည် ။
ကျွန်တော့်စကားအဆုံးတွင် သူနာပြုဆရာမလေးက ပြုံး၍

" ဟုတ်ပါပြီရှင် "

ဟု ပြောသည် ။ သူနာပြုဆရာမလေး၏စကားကို

" ဒါဆိုကြိုးစားလိုက်ပါအုံး ... သွားလိုက်အုံးမယ် "

ဟု ပြန်တုံ့ပြန်ကာ နေရာမှထွက်လာခဲ့လိုက်သည် ။

2.

ဂျက်ဆင်နှင့်ကျွန်တော်က ဂျူတီချိန်တူသော်လည်း တာဝန်ကျသည့်အဆောင်ချင်းမတူ ။ ကျွန်တော် မွေးကာစကလေးအဆောင်တွင်ကျလျှင် ဂျက်ဆင်က ဝါ့ဒ်ဝမ်းတွင်ကျသည် ။ တစ်နေရာတည်းတွင်အတူကျသည့်ရက်က တစ်လလျှင် နှစ်ကြိမ်ပင်မရှိ ။

သို့သော် ...
ဆရာဝန်အင်အားနည်းသောဆေးရုံဖြစ်သောကြောင့် မိမိဂျူတီကျသည့်ဝါ့ဒ်တွင်ပင်နေ၍မရ ။ ဟိုဘက်အဆောင် သည်ဘက်အဆောင် ပြေးနေရသည် ။

ယနေ့လည်း ဂျက်ဆင်က မွေးကာစအဆောင်တွင် ဂျူတီဝင်ရင်း ကျွန်တော်ဂျူတီဝင်ရမည့် ဝါ့ဒ်တူးတွင်ပါ အစားဝင်ပေးရန်လုပ်နေသည် ။ မွေးကာစကလေးအတောင်က လူနာနည်းသော်လည်း ဝါ့ဒ်တူးက အရေးပေါ်လူနာအပြင် ပြင်ပလူနာလည်းများသောကြောင့် အလုပ်ရှုပ်သည် ။ ဂျက်ဆင် ကျွန်တော့်အစား ဝါ့ဒ်တူးသို့လာနေပေးလျှင် မွေးကာစအဆောင်တွင် လစ်လပ်သွားမည်စိုး၍ ဂျက်ဆင့်အလစ်တွင် ဝါ့ဒ်တူးဘက်သို့ ခိုးထွက်လာခဲ့ခြင်းဖြစ်သည် ။

My boyfriend is a doctor (10)Where stories live. Discover now