36

1K 36 4
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 36

" ကိုယ့်ကိုပဲယုံပြီး လိုက်လာခဲ့ "

1.

ဝေအပါအဝင် အခြားလူများက ကိုယ်စီအိပ်ရာမှနိုး၍ ထသူကထ အိမ်ပြန်သူကပြန် လုပ်နေကြပြီဖြစ်သော်လည်း ကျွန်တော့်ရင်ခွင်ထဲမှ အအိပ်ပုတ်လေးကမူ ထရန်မ​ပြောနှင့် တစ်ညလုံး တုတ်တုတ်ပင်မလှုပ်ပဲ သည်အတိုင်းအိပ်သည် ။ ဝေက အအိပ်ပုတ်နေသူကိုကြည့်ကာ

" သူက သူနိုင်တဲ့သူဆို ရသလိုချွဲတော့တာပဲ ... အချွဲခံဖို့ပြင်ထား "

ဟု ရယ်ဟဟနှင့်ပြောသည် ။ ဝေ့စကားအဆုံးတွင် ကျွန်တော် ရယ်လိုက်ပြီး

" ဝေလည်းချွဲတယ်မဟုတ်လား ... ကိုသွေးကိုလေ "

ဟု အစဖော်ပေးလိုက်သည် ။ ကျွန်တော့်စကားကြောင့် ဝေ့မျက်နှာရဲသွားသော်လည်း ဝေက အရှုံးမပေး ။

" ဒီကောင်စုတ်လေးက ပိုဆိုးတယ် "

ဟု ပြောကာ နိုအာ့နဖူးကို မနာအောင်ထုသည် ။ ပြီးမှ လက်ထဲတွင်ကိုင်ထားသောအပေါ်ဝတ်ကိုပြန်ဝတ်ကာ

" ပြန်နှင့်မယ် ... မင်းတို့ကတော့ အခုမှ ချစ်စ ၊ ခင်စ၊ ကြင်နာဦးစဆိုတော့ အေးအေးဆေးဆေးမှလိုက်လာခဲ့ "

ဟု ပြောသည် ။ ထို့ကြောင့် ကျွန်တော် ခေါင်းညိတ်လိုက်ပြီး

" ကျေးဇူးပဲ ဝေ "

ဟု ပြောလိုက်သည် ။

2.

အိပ်နေသော နိုအာ့ကိုငေးကြည့်ရင်း စချင်လာသဖြင့် မည်သို့စရမည်နည်းဟု ကြံစည်နေမိသည် ။ ထိုသို့ကြံရင်း စာမျက်နှာမှတ်သည့် စတစ်ကာစာရွက်ကို တစ်ကိုယ်လုံးကပ်ပစ်မည်ဟု စိတ်ကူးရကာ ကုတင်ပေါ်မှချက်ချင်းဆင်း၍ စာကြည့်စားပွဲဆီ ထသွားလိုက်သည် ။ ထို့နောက် စတစ်ကာများကိုဖြုတ်၍ နိုအာ့မျက်နှာမှစ၍ ခြေထောက်အထိ တစ်ခုစီ လိုက်ကပ်လိုက်သည် ။ ကပ်ရင်းနှင့် ဒေါသထွက်နေမည့် နိုအာ့ပုံစံကိုပါ မြင်ယောင်လာသောကြောင့် အသံတိတ်ရယ်လိုက်မိသည် ။ ထိုစဉ်မှာပင်

" ကိုကြီး "

ဟု ခပ်တိုးတိုးခေါ်သံနှင့်အတူ နိုအာက လူးလွန့်လှုပ်ရှားလာသည် ။ ထို့ကြောင့် ကျွန်တော် စတစ်ကာစာရွက်ကို စောင်အောက်သို့ ခပ်သွက်သွက်ပစ်ထည့်လိုက်ပြီး

My boyfriend is a doctor (10)Where stories live. Discover now