17

1.1K 38 8
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 17

" LGBTQ တွေကို ကိုကြီးစိတ်ထဲမှာ ရွံစရာလို့ထင်နေရင် ဘယ်လိုလုပ်မလဲ "

1.

လူက အိမ်ပြန်ရောက်နေပြီဖြစ်သော်လည်း စိတ်ကဆေးရုံရှိ နိုအာ့ထံတွင်ကျန်ခဲ့သည် ။ နိုအာနှင့် ရိုစီက ဂျူတီချိန်တူသောကြောင့် နိုအာနေမကောင်းဖြစ်နေကြောင်းနှင့် နိုအာ့အားဂရုစိုက်ပေးရန် မှာထားပြီးပြီဖြစ်သော်လည်း မည်သည့်အကြောင်းကြောင့် စိတ်မအေးဖြစ်နေမှန်းမသိ ။ ထို့ကြောင့် နိုအာ့ထံဖုန်းခေါ်ရန်စိတ်ကူးကာ ဖုန်းခေါ်လိုက်သည် ။ ဖုန်းကဝင်သွားသော်လည်း မကိုင် ။ နောက်ထပ်တစ်ခေါက်ထပ်ခေါ်ချိန်တွင်လည်း ကိုင်မည့်သူမရှိသောကြောင့် ရိုစီ့ထံသို့သာ ခေါ်လိုက်သည် ။ ရိုစီက နိုအာကဲ့သို့မဟုတ် ။ ဖုန်းဝင်သည်နှင့် တန်းကိုင်သောကြောင့်

" ရို့စ့် ... အဲ့ဒီမှါ နိုအာရှိလား "

ဟု မေးလိုက်သည် ။ ရိုစီက ကျွန်တော့်မေးခွန်းကို ချက်ချင်းပြန်မဖြေသေးပဲ

" နိုအာလား "

ဟု ပြောကာ ခတ္တတိတ်သွားသည် ။ ပြီးမှ

" အိပ်နေတယ် ... ဘာပြောမလို့လဲ "

ဟု မေးသည် ။ ရိုစီ့စကားကို ကျွန်တော်

" ဘာမှမဟုတ်ဘူး ... သူအဆင်ပြေရဲ့လားသိချင်လို့ ... ဖုန်းခေါ်တာလည်း မကိုင်လို့လေ "

ဟု ပြန်တုံ့ပြန်လိုက်သည် ။ ရိုစီက

" သြော် ... သူ့ဖုန်းဒီမှါကျန်ခဲ့လို့မကြားတာထင်တယ် "

ဟု ပြောသဖြင့် ကျွန်တော်

" သြော် ... ဟုတ်ပြီ ဟုတ်ပြီ ... အဲ့ဒါဆို ဒါပဲနော် ... ကြိုးစားလိုက်ပါအုံး "

ဟူ၍ ပြောကာ ဖုန်းချလိုက်သည် ။

2.

" နိုအာ "

ဟု ခေါ်ကာ

" ဘယ်လိုနေသေးလဲ ... သက်သာသွားပြီလား "

ဟူ၍ မေးလာသော ရိုစီ့ကို ကျွန်တော် ရယ်ပြလိုက်မိသည် ။ ပြီးမှ ခေါင်းကုတ်ကာ

My boyfriend is a doctor (10)Where stories live. Discover now