18

1.1K 39 3
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 18

" အခုလိုမှိုင်နေတာကိုကြည့်ရင် ဘုန်းနဲ့မတွေ့ရသေးဘူးထင်တယ် "

1.

နိုအာ့အဆောင်သို့လိုက်သွားပြီးနောက်ပိုင်း ကျွန်တော် နိုအာနှင့်မတွေ့ဖြစ် ။ ဖုန်းနှစ်ခါပြောပြီးသည့်နောက် နှစ်ပတ်ကြာသည်အထိ ကျွန်တော်က စာကျက်လိုက် ကျူရှင်သွားလိုက် လုပ်နေရသည့်အပြင် နိုအာနှင့်ကျွန်တော် ဂျူတီချိန်မတူသဖြင့် တွေ့ရရန်အကြောင်းမဖန်။ ရိုစီနှင့်ကျွန်တော် ဂျူတီတူသည့်အခါ ရိုစီက နိုအာ့အကြောင်းများကို ပြောပြတတ်သော်လည်း နားထောင်ရုံသာထောင်ဖြစ်ပြီး မမေးမိ ။

ယနေ့လည်း နိုအာနှင့်ကျွန်တော် ဂျူတီချိန်မတူပြန် ။ ကျွန်တော်က မနေ့မနက်ကတည်းဂျူတီချိန်စပြီး ယနေ့မနက်မှ ဂျူတီထွက်ရမည်ဖြစ်သည် ။ နိုအာက ကျွန်တော်ထွက်ပြီးမှ ဝင်ရမည်ဖြစ်သည် ။ တစ်ရက်နှင့်တစ်ညလုံး လူနာများသဖြင့် မှေးပင်မမှေးရသေးသောကြောင့် ယနေ့မနက်တွင် ခေါင်းတစ်ခုလုံးအုံခဲကာ မျက်လုံးများက လေးကန်ကာ အတော်အိပ်ငိုက်နေပြီဖြစ်သည် ။ အိပ်ချင်နေသော်လည်း ဂျူတီထွက်ရန် တစ်နာရီလိုသေးသောကြောင့် ရိုစီဝယ်လာပေးသည့် အားဖြည့်အချိုရည်ကိုသောက်ကာ ဆက်အားတင်းထားရန်စိတ်ကူး၍ အချိုရည်ပုလင်းကို လှည့်ဖွင့်လိုက်သည် ။  ထိုစဉ်

" ဟိတ် "

ဟူသောအသံနှင့်အတူ နိုအာက ပြုံးစစမျက်နှာပေးနှင့် နားနေခန်းထဲသို့ဝင်လာသည် ။

2.

ကိုကြီး ကျွန်တော့်အဆောင်သို့လိုက်လာပြီးနောက်ပိုင်း ကိုကြီးနှင့်ကျွန်တော် မတွေ့ဖြစ် ။ ဖုန်းဆပြောဖြစ်ကြသော်လည်း ကျူရှင်တက် စာကျက်လုပ်နေရသော ကိုကြီး အနှောက်အယှက်ဖြစ်မည်စိုး၍ နောက်ပိုင်းတွင် မဆက်ဖြစ်တော့ ။

ဖုန်းမပြောဖြစ်သည့်အပြင် ဂျူတီချိန်လည်းမတူသဖြင့် ကိုကြီးနှင့်ကျွန်တော် နှစ်ပတ်နီးပါး ဝေးကွာသွားရသည် ။ ရိုစီက ကျွန်တော် ကိုကြီးကိုသတိရနေမှန်းသိ၍ ကိုကြီးအကြောင်းများပြောပြသော်လည်း အလွမ်းမပြေ ။ ထို့ကြောင့် ရိုစီ့ကိုနားပူကာ ကိုကြီးဂျူတီကြာကြာဝင်ရသည့်ရက်ကို မေးမြန်းစုံစမ်းရသည် ။

My boyfriend is a doctor (10)Where stories live. Discover now