7

1.4K 58 4
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 7

" ငါနင့်ကိုကြိုးစားပြီးနားလည်အောင်လုပ်မှာပါ ပင်းပင်း "

1.

ဖေဖေက ပင်းပင်း၏စိတ်ကိုနားလည်အောင်ကြိုးစားကြည့်ခိုင်းသဖြင့် ကျွန်တော်လည်း ယခုရက်ပိုင်းအတွင်း ပင်းပင်းနှင့်မတွေ့ဖြစ်သေးပဲ ပင်းပင်းနှင့်တွေ့လျှင် မည်သို့တုံ့ပြန်ရမည်ကို စဉ်းစားနေမိသည် ။ ထိုသို့စဉ်းစားရင်း ပညာတော်သင်သွားရမည့်ရက်သို့ တဖြည်းဖြည်းနီးကပ်လာသည် ။ နှုတ်မဆက်ပဲသွားလျှင် မကောင်းသောကြောင့် ပင်းပင်းအပါအဝင် လူကြီးများအား နှုတ်ဆက်ပြီးမှသွားမည်ဟုစိတ်ကူးကာ ပင်းပင်းတို့အိမ်သို့သွားမည့်ရက်ကို သတ်မှတ်ထားလိုက်သည် ။

မေမေမှတဆင့် ပင်းပင်း၏မိဘများအား ကျွန်တော်လာမည့်အကြောင်း အသိပေးထားပြီးပြီဖြစ်သော်လည်း ပင်းပင်းကိုမူ အသိမပေးရသေး ။ သွားမည့်ရက်မှပြောတော့မည်ဟု စိတ်ကူးထားလိုက်သည် ။ စိတ်ကူးထားသည့်အတိုင်း သွားမည့်ရက်တွင် ညနေဂျူတီအပြီး ပင်းပင်းတို့အိမ်ဆီသို့ ထွက်လာခဲ့လိုက်သည် ။ ပင်းပင်းကမူ မနက်မိုးလင်းကတည်းက ဖုန်းဆက်နေသည်ကို မကိုင်သဖြင့် အိမ်သို့လာမည့်အကြောင်း မပြောရသေး ။ တစ်နေကုန်တောက်လျှောက် ဖုန်းခေါ်သည်ကို မကိုင်သဖြင့် ကျွန်တော့်အား ယခုအထိ စိတ်ကောက်နေဆဲဖြစ်သည်ဟု ယူဆကာ ပင်းပင်းအားချော့ရန် ပင်းပင်းကြိုက်သည့် ဂန္ဓာပန်းစည်းအဖြူနှင့် ချောကလက်ကိတ်ကိုပါ ဝယ်လာခဲ့လိုက်သည် ။

" ငါနင့်ကိုကြိုးစားပြီးနားလည်အောင်လုပ်မှာပါ ပင်းပင်း "

2.

" သားတောင်ရောက်လာပြီ "

ဟူသော စကားနှင့်အတူ တံခါးလာဖွင့်ပေးသော ပင်းပင်း၏မိခင်ကို ကျွန်တော် ပြုံးပြလိုက်ပြီး

" အကြာကြီးစောင့်လိုက်ရလား အန်တီ ... ဂျူတီက အခုမှထွက်ရလို့ "

ဟု ပြောလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် ပင်းပင်း၏မိခင်က ပြုံးကာ

" မကြာပါဘူးကွယ် "

ဟု ဖြေသည် ။ ပြီးမှ

" ဒါနဲ့ ညီမလေးရော "

My boyfriend is a doctor (10)Where stories live. Discover now