26

1K 35 3
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

" အိပ်နေတာပဲ .. ကိုကြီးက လှုပ်စိလှုပ်စိလုပ်နေလို့နိုးလာတာ "

Ch - 26

1.

နိုအာက မှောင်နေပြီဖြစ်၍ အိမ်မပြန်ရန်ပြောသည့်အပြင် ကျွန်တော်ကိုယ်တိုင်ကလည်း နိုအာ့ကို စိတ်မချသေးသောကြောင့် ယနေ့ည အိမ်မပြန်ဖြစ်သေးပဲ နိုအာ့အဆောင်တွင်ပင်အိပ်ရန် အကြောင်းဖန်လာသည် ။

နေ့လည်က နိုအာ ကျွန်တော့်အတွက်မှာထားပေးသော နေ့လည်စာကို ယခုအချိန်အထိ မစားရသေးသဖြင့် နှစ်ယောက်သား ဆိုဖာပေါ်တွင်ထိုင်ကာ တီဗီကြည့်ရင်း ညစာအဖြစ် စားဖြစ်ကြသည် ။ နိုအာက တီဗီကို ဖွင့်ထားသဖြင့် ကျွန်တော်လည်း ထမင်းစားရင်း အမှတ်တမဲ့ တီဗီကို ကြည့်လိုက်မိသည် ။

အကြိတ်အနယ် ထိုးကြိတ်နေသော လက်ဝှေ့ပွဲကို နိုအာက စိတ်ဝင်တစားကြည့်နေသည် ။ နိုအာနှင့်အတူလိုက်ကြည့်ရန် ကျွန်တော်က လက်ဝှေ့စိတ်ဝင်စားသောသူမဟုတ်သောကြောင့် အူတူတူဖြစ်ကာ ညစာကိုသာ မဲစားနေလိုက်သည် ။ နိုအာကမူ ညစာစားရန်ပင်သတိမရတော့ပဲ လက်ဝှေ့ပွဲတွင် အာရုံရောက်နေသည် ။ ပထမအချီပြီးသောအခါမှ ကျွန်တော့်ကို သတိရဟန်တူသည် ။

" ကိုကြီးတောင် စားလို့ပြီးပြီလား "

ဟု ရယ်၍မေးသည် ။ ထို့နောက်

" ကျွန်တော်တီဗီလေးခဏကြည့်လိုက်အုံးမယ် ... ကိုကြီးပျင်းရင် ကျွန်တော့်စာအုပ်ပုံထဲက ကြိုက်တဲ့တစ်အုပ်ယူဖတ် ... Netflix ကြည့်ချင်လည်း ကွန်ပြူတာဖွင့်သုံး ... password မခံထားဘူး ... ဒါမှမဟုတ်အိပ်ချင်လည်း နေ့လည်ကလို ကုတင်ပေါ်မှာအိပ် "

ဟု ပြောသည် ။ နိုအာ့စကားအဆုံးတွင် ကျွန်တော် ခေါင်းညိတ်၍ စာအုပ်ပုံရှိရာဆီသို့ ထလာခဲ့လိုက်သည် ။

2.

နာရီဝက်သာကြာမည်ဟုထင်ထားသော လကိဝှေ့ပွဲက မထင်မှတ်ပဲ လေးဆယ့်ငါးမိနစ်နီးပါးကြာသွားသည် ။ ညကိုးနာရီသာရှိသေး၍ မအိပ်လိုသေးသော်လည်း ကိုကြီးက ကုတင်ပေါ်တွင် စာအုပ်ဖတ်ရင်း အိပ်ပျော်နေပြီဖြစ်သည် ။ မီးအလင်းရောင်ကြောင့် ကိုကြီးအိပ်ရေးပျက်မည်စိုးသဖြင့် မအိပ်လိုသေးသော်ငြား မီးများကိုပိတ်လိုက်သည် ။ ထို့နောက် စာဖတ်မီးအိမ်ကိုဖွင့်၍ စာကြည့်စားပွဲတွင်ထိုင်ကာ ကွန်ပြူတာကိုဖွင့်လိုက်သည် ။ ထိုစဉ် ဂျက်ဆင်နှင့်စကားပြောစဉ်က ပိတ်မထားမိသောကင်မရာက ပွင့်လာပြီး ကုတင်ပေါ်တွင်အိပ်နေသော ကိုကြီးကို အလိုလိုချိန်ထားပြီးသားဖြစ်နေသည် ။

My boyfriend is a doctor (10)Where stories live. Discover now