23

1K 32 9
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 23

" မင်းတော်တော်ခေါင်းမာတာပဲ နိုအာ "

1.

အမေဖြစ်သူအား

" သားဘာမှမဖြစ်ဘူး "

" မေမေလည်းပြန်တော့ ... အလုပ်တွေကို ပစ်ထားရတာမဟုတ်လား ... ပြီးတော့ ဖေဖေ့ကိုရော "

ဟု ပြောကာ အဆောင်ရှေ့တွင် လိုက်ပို့သောကားကိုရပ်ခိုင်းပြီး ကားပေါ်မှအတင်းဆင်းသွားသည့် နိုအာ့ခြေလှမ်းများက မူမမှန် ။ ထို့ကြောင့် ကျွန်တော် နိုအာ့အမေကို

" နောက်မှတွေ့ပါမယ် အန်တီ "

ဟု နှုတ်ဆက်စကားဆိုကာ

" နိုအာ့ကို စိတ်မပူပါနဲ့ ... ကျွန်တော် စောင့်ရှောက်လိုက်ပါမယ် "

ဟူ၍ ပြောလိုက်သည် ။ ပြောပြီးသည်နှင့် ကားပေါ်မှအပြေးဆင်းကာ ဓာတ်လှေကားရှိရာဆီလျှောက်သွားသော နိုအာ့အနောက်သို့ ပြေးလိုက်သွားလိုက်သည် ။

2.

" မင်းအခုထိကိုယ်တွေပူနေတုန်းပဲနော် "

ဟု ပြောလာသော ကိုကြီးကို ကျွန်တော် ပြုံးရုံသာပြုံးပြ၍ ကုတင်ပေါ်တွင် ဘေးတစောင်းလှဲကာ မျက်လုံးများကို မှိတ်လိုက်သည် ။ ကိုကြီးက ဖြစ်သလိုအိပ်ရန်ပြင်နေသော ကျွန်တော့်ကိုဆွဲထူကာ

" တည့်တည့်အိပ်စမ်းပါ နိုအာရယ် "

ဟု ပြောပြီး ကုတင်ပေါ်တွင် အတည့်အိပ်စေသည် ။ ပြီးမှ

" မင်းကိုစိတ်မချလို့ ဒီညကိုယ်ဒီမှါပဲအိပ်လိုက်တော့မယ် ... ရတယ်မဟုတ်လား "

ဟု မေးသည် ။ ကိုကြီး၏မေးခွန်းကို ကျွန်တော်

" အင်း ... ကိုကြီးအဆင်ပြေရင်အိပ်ပေါ့ "

ဟု ပြန်ဖြေရင်း ခေါက်ထားသောစောင်ကို ဆွဲခြုံလိုက်သည် ။ ကျွန်တော့်ထံမှ ခွင့်ပြုစကားရသောအခါမှ ကိုကြီးက

" အိုကေ "

ဟု ပြောသည် ။ ပြောပြီးသိပ်မကြာခင်မှာပင် ကျွန်တော့်နဖူးပေါ်သို့ ရေဖတ်ဝတ်တစ်ခုက ရောက်လာသည် ။ ထို့နောက်

My boyfriend is a doctor (10)Where stories live. Discover now