4

1.8K 74 11
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 4

" ငါလုပ်နေတဲ့အလုပ်ကိုငါတန်ဖိုးထားတာမို့လို့ ငါ့အလုပ်ကိုစော်ကားတာ ငါ့ကိုစော်ကားတာနဲ့အတူတူပဲ "

1.

" ဒေါက်တာနိုအာ ... ဆရာကြီးခေါ်နေတယ် "

ဟူသော ဆရာဝန်လေး၏စကားကြောင့် ကျွန်တော် ရင်ထိတ်သွားကာ နားနေခန်းအတွင်းသို့ ဝင်လာခဲ့လိုက်သည် ။ ဆရာကြီးက ကျွန်တော့်ကိုမြင်သောအခါ ပြုံးပြပြီး

" မစ္စတာနိုအာ ... နာမည်ကြားဖူးပေမဲ့ လူကိုတော့အခုမှတွေ့ဖူးတယ် "

ဟု ပြောသည် ။ ပြီးမှ

" မင်းအဖေရော ... နေကောင်းရဲ့လား "

ဟု မေးသည် ။ ဖေဖေနှင့်ရွယ်တူ ဆရာဝန်ကြီးဖြစ်သောကြောင့် ကျွန်တော် ခါးကိုအနည်းငယ်ကိုင်း၍

" ကောင်းပါတယ် ဆရာကြီး ... အားတဲ့နေ့မှ သပ်သပ်လာတွေ့မယ်လို့မှာလိုက်ပါတယ် "

ဟု အဖြေပြန်ပေးလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် ဆရာကြီးကပြုံး၍

" မင်းကအဖေနဲ့တူတာပဲ ... ဒါပေမဲ့ ဘာဖြစ်လို့ဆရာဝန်မလုပ်ချင်ရတာလဲ ဒီအထိတောင်ရောက်နေပြီကို "

ဟု ပြောသည် ။ ဆရာကြီး၏မေးခွန်းအတွက် ကျွန်တော့်တွင် အဖြေမရှိသောကြောင့် ရယ်သာပြလိုက်ရသည် ။ ဆရာကြီးက တိတ်ဆိတ်နေသောကျွန်တော့်ကိုကြည့်၍

" ဆေးလောကနဲ့တစ်နှစ်လောက်ဝေးသွားတော့ အခြေအနေဘယ်လိုလဲ "

ဟု ထပ်မေးသည် ။ ယခုတစ်ခါတွင်မူ ပြန်ဖြေမှကောင်းတော့မည်ဖြစ်သောကြောင့်

" တစ်ချို့တစ်လေကိုတော့ မလုပ်ဖူးတာရယ် .. လုပ်နေကျမဟုတ်တာရယ်ကြောင့် နည်းနည်းမေ့နေပါတယ် "

ဟု အဖြေပြန်ပေးလိုက်သည် ။

2.

" မနေ့က လုပ်ရမဲ့ဟာကိုမလုပ်ရဲလို့အခက်အခဲဖြစ်သွားသေးတယ်ဆို "

ဟု မေးလာသော ဆရာကြီး၏မေးခွန်းကြောင့် ကျွန်တော့်မျက်နှာတစ်ခုလုံး ရှက်စိတ်ဖြင့် နီရဲသွားရသည် ။ ဆရာကြီးက ငြိမ်နေသောကျွန်တော့်ကိုကြည့်၍

My boyfriend is a doctor (10)Where stories live. Discover now