19

1.1K 33 2
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 19

" မင်းတို့နှစ်ယောက်နီးစပ်အောင် ဒီကမျှားနတ်မောင်ကူညီမှရတော့မယ် "

1.

ပင်းပင်းက

" ကိုကို ... ညီမ နေမကောင်းဘူး "

ဟု ဆိုလာသောကြောင့် ကျွန်တော် စိုးရိမ်သွားကာ

" ဘယ်လိုဖြစ်တာလဲ "

ဟူ၍ မေးလိုက်သည် ။

" ရေမြေအပြောင်းအလဲကြောင့်ထင်တယ် ... ပြီးတော့လည်း နှစ်ပတ်အတွင်း ငါးနေရာလောက်သွားလိုက်ရတော့ ပင်ပန်းသွားတာလဲပါမယ်ထင်တယ် "

ဟူသော ပင်းပင်း၏အဖြေစကားကိုနားထောင်ပြီး ကျွန်တော် သက်ပြင်းရှိုက်လိုက်မိသည် ။ ပြီးမှ

" အခုရော ဘယ်လိုနေသေးလဲ ... ဆေးရုံသွားထားလား "

ဟု မေးလိုက်သည် ။ ပင်းပင်းက

" မသွားထားဘူး ... ခရီးက စောစောကမှပြန်ရောက်တာ .... ရောက်ရောက်ချင်း ခေါင်းတွေအရမ်းမူးနေလို့ လှဲနေတာ ... တော်တော်ကြာတဲ့အထိ မသက်သာလို့ ကိုကို့ဆီဖုန်းဆက်လိုက်တာ "

ဟု ဖြေသည် ။ ပင်းပင်းပြောသည့်လက္ခဏါမှာရေဓာတ်ခမ်းခြောက်သည့်လက္ခဏါဖြစ်ပြီး ကြီးကြီးမားမားရောဂါဖြစ်သည့်လက္ခဏါမဟုတ် ။

သို့သော် ...
နည်းနည်းဖြစ်လျှင် သဲသဲဖြစ်တတ်သော ပင်းပင်း၏အကြောင်းကို သိထားသောကြောင့်

" အဲ့ဒါဆို အခုဖုန်းချလိုက်တော့ ... ဖုန်းချပြီးတာနဲ့ ရေများများသောက်ပြီးအိပ်လိုက်တော့ ... ငါ့စီနီယာကို မနက်လာကြည့်ပေးဖို့ ဖုန်းဆက်ထားပေးမယ် ... ဒီတစ်ညတော့ ဘာမှမတွေးပဲအိပ်ပျော်အောင်အိပ် ... မနက် ဟိုအစ်ကိုလာတော့မှ ဖြစ်တာကိုပြောပြလိုက် ... အရမ်းစိတ်မပူနဲ့ ... ကောင်းသွားလိမ့်မယ် "

ဟု ပြောလိုက်သည် ။ ပင်းပင်းက

" အိုကေ ကိုကို "

ဟု ပြောကာ ဖုန်းချသွားသောအခါမှ ကျွန်တော်လည်း စိတ်မောစွာဖြင့် ဖုန်းချလိုက်သည် ။

2.

ပင်းပင်းနှင့်ဖုန်းပြောပြီးနောက် ကျွန်တော့်စကားအတိုင်း ကျွန်တော်နှင့်ရင်းနှီးသည့် စီနီယာအစ်ကိုထံသို့ ယနေ့မနက်မိုးလင်းလျှင် ပင်းပင်းအားသွားကြည့်ပေးရန်နှင့် ပင်းပင်း၏အိမ်လိပ်စာ ၊ ဖုန်းနံပတ်တို့ကို စာတိုပို့ထားလိုက်သည် ။ ထို့နောက် မေမေ့အား ကျွန်တော်အလုပ်ရှုပ်နေသဖြင့် ကျွန်တော့်ကိုယ်စားပင်းပင်းကို ယခင်ကထက်ပို၍ အနည်းငယ်ဂရုစိုက်ပေးရန် မျက်နှာပူပူဖြင့်ပင် စာတိုပို့ထားလိုက်သည် ။ လုပ်ရမည့်ကိစ္စများပြီးသောအခါမှ စားလက်စနေ့လည်စာကို ဆက်စားရန်သတိရသည် ။

My boyfriend is a doctor (10)Where stories live. Discover now