15

1.2K 43 2
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 15

" နိုအာလင်းလက်သည် လိုချင်သည့်အရာကို မရ၍ စိတ်ကောက်နေသော ကလေးတစ်ဦးနှယ် "

1.

ယခင်က တစ်စုံတစ်ဦးက ကံကြမ္မာသည် နောက်ပြောင်တတ်သည်ဟုပြောလျှင် ကျွန်တော် ယုံမိမည်မဟုတ် ။

သို့သော် ...
စားသောက်ဆိုင်တွင် ငါးဥမုန့်လုခဲ့သောလူကို ဆေးရုံတွင်ပြန်တွေ့လိုက်ရသောအခါ ကံကြမ္မာ၏ ကျီစယ်တတ်မှုကို လက်ခံလိုက်ရသည် ။

ထိုစဉ်က ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ကစားခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သော်လည်း ထိုလူကို ပြန်တွေ့လိုက်ရသောအခါ တော်ရုံမလုပ်ရှားတတ်သောစိတ်က လှုပ်ရှားလာကာ ရင်ခုန်သံမြန်ခဲ့ရသည် ။

ထိုလူ ဤဆေးရုံတွင်ရှိနေခြင်းတစ်ခုတည်းနှင့်ပင် ဆရာဝန်မလုပ်လိုသော ကျွန်တော့်စိတ်သည် ဆန့်ကျင်ဘက်ဖြစ်သွားသည် ။ သဘောကျသောလူကို သဘောကျသည်ဟု ထုတ်ပြောရန် မဝံ့ရဲသေးသောကြောင့် အဆင်သင့်ဖြစ်သည့်အချိန်အထိ ထိုလူ့အနားတွင် နေမည်ဟုလည်း စိတ်ဆုံးဖြတ်လိုက်သည် ။

2.

ညပိုင်းရောင်းန်လှည့်ရန်မရှိသော်လည်း ကျွန်တော့်တွင် ညဘက်တစ်ခေါက် လူနာများကိုလိုက်ကြည့်တတ်သောအကျင့်ရှိသောကြောင့် နားနေခန်းအတွင်းမှထွက်ကာ လူနာဆောင်ဘက်သို့ ထွက်လာခဲ့လိုက်သည် ။ လူနာဆောင်ထဲသို့ဝင်ပြီး အပေါက်ဝတွင်မတ်တပ်ရပ်ရုံသာရှိသေးသည် ။ အပေါက်ဝတွင်ရှိသောကုတင်နှင့် ကုတင်ငါးလုံးအကွာတွင်ရှိသောကုတင်ပေါ်တွင် တင်ပါးလွှဲထိုင်ကာ လူနာကလေးများနှင့် ဝိုင်းဖွဲ့၍စကားပြောနေသော နိုအာလင်းလက်ကို တွေ့လိုက်ရသည် ။ ယနေ့မှရောက်ပြီး နေ့မကူးခင် ကလေးများနှင့် ရင်းနှီးအောင်လုပ်နိုင်စွမ်းရှိသော နိုအာလင်းလက်ကိုကြည့်၍ ကျွန်တော် ပြုံးလိုက်မိသည် ။ ထို့နောက် ဤနေရာတွင် နိုအာလင်းလက်ရှိနေသောကြောင့် ရောင်းန်မလှည့်တော့ဟုတွေးကာ နားနေခန်းဆီပြန်ရန် စိတ်ကူးလိုက်သည် ။ ထိုစိတ်ကူးကို အကောင်အထည်မဖော်ရသေးခင်မှာပင် မျက်မှန်းတန်းမိနေပြီဖြစ်သော လူနာကလေးတစ်ယောက်၏မိခင်က ကျွန်တော့်ကိုမြင်သွားပြီး ပြုံးပြကာ

My boyfriend is a doctor (10)Where stories live. Discover now