38

1K 35 2
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 38

" မစ္စတာနေဘုန်းခန့်ကျရှုံးတာက ဒေါက်တာနိုအာလင်းလက်ရဲ့အချစ်စာမေးပွဲမှာပါ "

1.

ကျွန်တော်လက်ထပ်မည့်လူက ကိုကြီးမှန်းသိသွားသော်လည်း မေမေက မဆူ ။

" သားကိုယ့်ကိုယ်ကိုယ်သေချာပြီလား "

ဟု မေးသည် ။ ထို့ကြောင့် ကျွန်တော်ကပင်

" မေမေစိတ်မဆိုးဘူးလားဟင် "

ဟု မေးလိုက်သည် ။ ထိုအခါ မေမေက ဖွဖွရယ်၍

" စိတ်ဆိုးလည်း သားရဲ့ဖြစ်တည်မှုကို ပြောင်းပစ်နိုင်မှာမှမဟုတ်တာ ... အဲ့ဒါကြောင့် စိတ်ဆိုးပြီးဘာလုပ်ရမလဲ "

ဟု ပြောသည် ။ မေမေက ထိုသို့ပြောသော်လည်း ကိုသွေးနှင့်ကိုဝေ လက်ထပ်စဉ်က မေမေကန့်ကွက်ဖူးသဖြင့်

" ဒါဖြင့် ... ကိုသွေးတို့လက်ထပ်တုန်းက မေမေဘာဖြစ်လို့ကန့်ကွက်တာလဲ "

ဟု မေးလိုက်သည် ။ ယခုတစ်ခါတွင်မူ မေမေက အားရပါးရရယ်ကာ

" ဒါကတော့ ကိုသွေးမိဘတွေက Straight စစ်စစ်တွေဆိုတော့ မေမေလည်း နည်းနည်းတော့ fake လုပ်ပေးရတာပေါ့ ... ဒါပေမဲ့ သားစိတ်မပူပါနဲ့ .... LGBTQ တွေရဲ့ ဖြစ်တည်မှုကို မေမေနားလည်ပါတယ် ... အဲ့ဒါကြောင့် သားစိတ်မပူပဲ မောင်နေဘုန်းခန့်နဲ့ ရဲရဲတွဲ "

ဟု ဆိုသည် ။ မေမေ၏ ဤစကားကိုကြားလိုက်ရသောအခါမှ ကျွန်တော် စိတ်အေးသွားပြီး သက်ပြင်းချလိုက်ကာ

" ကျေးဇူးတင်ပါတယ် မေမေ .... နောက်မှ ကိုကြီးကို မေမေနဲ့ထပ်မိတ်ဆတ်ပေးမယ် "

ဟု ပြောလိုက်သည် ။

2.

နိုအာ့မျက်နှာက ခါတိုင်းထက်ပို၍ ကြည်လင်တောက်ပကာ ပြုံးရွှင်နေသဖြင့် ကျွန်တော် ပြုံးလိုက်ပြီး

" လန်းဆန်းတက်ကြွနေတာပဲ ... ဘာတွေပျော်စရာရှိလို့လဲ "

ဟု မေးလိုက်သည် ။ ထိုအခါမှ နိုအာက ကျွန်တော့်ဘေးတွင်ဝင်ထိုင်ကာ

" ကျွန်တော်တို့ကို မေမေကသဘောတူတယ်တဲ့ "

ဟု ပြောသည် ။ နိုအာ့စကားကြောင့် ကျွန်တော် ဝမ်းသာသွားသော်လည်း ကျွန်တော့်ဘက်မှအခြေအနေကို မသိရသေး ။ ထို့ကြောင့် နိုအာ့လက်ကို ဖွဖွဆုပ်ကိုင်လိုက်ကာ

My boyfriend is a doctor (10)Where stories live. Discover now