9

1.4K 57 3
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 9

" ငါ့လိုလူချောလေးက မိန်းမလည်းယူရအုံးမှာ .... သေလို့မဖြစ်သေးဘူး "

1.

" နိုအာ "

" ခဏထ ... ထပြီးဒါလေးသောက်လိုက် "

ဟူသော ဂျက်ဆင်၏အသံကြောင့် ကျွန်တော် မျက်လုံးများကိုဖွင့်လိုက်ပြီး ထရန်ပြင်လိုက်သည် ။ ထိုစဉ် ဗိုက်ကထိုးအောင့်လာသဖြင့်

" အာ့ "

ဟု ညည်းကာ အောင့်နေသောနေရာကို လက်ဖြင့်ဖိလိုက်သည် ။ ဂျက်ဆင်က ကျွန်တော့်ကိုကြည့်၍

" ရရဲ့လား ... အထွေထွေဝါ့ဒ်မှါဘယ်သူရှိလဲမသိဘူး ... သွားကြည့်ပြီးခေါ်လာခဲ့မယ် ... ခဏစောင့် "

ဟု ပြောကာ နေရာမှခပ်သုတ်သုတ်ထွက်သွားသည် ။ ထို့ကြောင့် ကျွန်တော်လည်း အိပ်ရာပေါ်တွင် ပြန်လှဲကာ ဂျက်ဆင်ပြန်အလာကို စောင့်နေလိုက်သည် ။

2.

ဂျက်ဆင်ခေါ်လာသူမှာ ကျွန်တော်နှင့်ခင်နေသည့် ကတ်သရင်းဖြစ်နေသောကြောင့် အနည်းငယ်စိတ်ပေါ့သွားသည် ။ ကတ်သရင်းက လိုအပ်သည်များကိုစစ်ဆေးပေး၍

" Blood pressure ရော ... Sugar ရော ... ပုံမှန်ပါပဲ ... အဖျားတော့နည်းနည်းရှိတယ် "

ဟု ပြောသည် ။ ပြီးမှ

" ဗိုက်အောင့်တာဘယ်နေရာလဲ "

ဟု မေးသည် ။ ကတ်သရင်း၏မေးခွန်းကို ကျွန်တော်

" အစာအိမ်ကအောင့်နေတာ "

ဟု ပြန်ဖြေရင်း

" ရောင်တာလား ... အနာဖြစ်တာလားမသိဘူး "

ဟူ၍ ပြောလိုက်သည် ။ ကျွန်တော်ပြောသည်ကိုနားထောင်ပြီးနောက် ကတ်သရင်းက

" သိနေတာပဲကို ... စစ်ဆေးကြည့်မှပေါ့ "

ဟု ဆူသည် ။ ထို့နောက်

" အခုသွားမယ် ... ထ "

ဟု ပြောကာ လှဲနေသောကျွန်တော့်ကို ဆွဲထူသည် ။

3.

" အနာမဖြစ်လို့တော်သေးတယ် "

ဟု ပြောကာ စားပွဲတွင်ဝင်ထိုင်သော ကတ်သရင်းကို ကျွန်တော် ခပ်နွမ်းနွမ်းပြုံးပြလိုက်သည် ။ ကတ်သရင်းက ကျွန်တော့်ကိုကြည့်၍

My boyfriend is a doctor (10)Where stories live. Discover now