24

1K 28 2
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 24

" အဲ့ဒီလိုတွေရှိခဲ့တယ်ဆိုတာ ကိုယ့်ကိုစောစောကပြောခဲ့ရောပေါ့ "

1.

" အက်ဒီကရော "

" ဘာဖြစ်သွားလဲ "

ဟု သိလိုစိတ်ပြင်းပြစွာမေးလာသောကိုကြီးကို ကျွန်တော် ပြုံးပြလိုက်ပြီး

" သူတို့ကတော့ တောင်းပန်တာပေါ့ ... ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ကျွန်တော်က လုံးဝရူးသွားသလိုဖြစ်နေတော့ ပြသနာနည်းနည်းရှိခဲ့တယ် "

ဟူ၍ အဖြေပြန်ပေးလိုက်သည် ။ ကိုကြီးက ထိုပြသနာအကြောင်း မမေးသော်လည်း သိချင်နေသည့်ဟန်ပေါက်နေသောကြောင့် ကျွန်တော်ကပင်

" ကျွန်တော်အဲ့ဒီလိုဖြစ်သွားရတဲ့အတွက် မေမေကအက်ဒီ့ကို တရားစွဲခဲ့တယ် ... ဒါပေမဲ့ သူတို့ဘက်ကတောင်းပန်လို့ အမှုကအကြီးအကျယ်မဖြစ်ခဲ့ဘူး ... မေမေက သူတို့ပေးတဲ့လျော်ကြေးငွေကိုယူပြီး ကျွန်တော့်ကိုဆေးကုပေးဖို့ ဖေဖေရှိတဲ့လန်ဒန်ကို တက်လာခဲ့တယ် "

ဟု ပြောလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် ကိုကြီးက

" အဲ့ဒတော့ မင်းအဆင်ပြေသွားလား "

ဟု မေးသည် ။ ထို့ကြောင့် ကျွန်တော် ကိုကြီးကို ပြုံးပြလိုက်သည် ။

2.

ထိုအကြောင်းများကို မေမေက ကျွန်တော့်အား မပြောပြသော်လည်း အက်ဒီ့အါး တရားစွဲခဲ့ကြကြောင်း ဖေဖေပြောသည့် တစ်စွန်းတစ်စ စကားများမှတဆင့်သိခဲ့ရသည် ။

တရားစွဲဆိုခဲ့သော်လည်း အက်ဒီ့မိဘများအပါအဝင် လူအများစုက အမှုကြေအေးပေးရန်တောင်းဆိုလာကြသောကြောင့် မေမေက အက်ဒီတို့ပေးသည့် နစ်နာကြေးငွေကိုယူကာ အမှုကို ကြေအေးပေးခဲ့ရသည် ။ ထို့နောက် ကျွန်တော့်ကိုခေါ်ကာ ဖေဖေရှိသည့် လန်ဒန်မြို့ပေါ်သို့ ပြောင်းရွှေ့လာခဲ့ကြသည် ။

ကျွန်တော်လည်း လန်ဒန်သို့ရောက်သောအခါမှစိတ်ရောဂါကုဆရာဝန်နှင့်ကုသရသည် ။ နှစ်,နှစ်တိတိ စကားမပြောပဲ အခန်းထဲအောင်းနေသောကြောင့် ဆရာဝန်က ဆက်လက်ကုသရန် လက်လျှော့သင့်ကြောင်း မေမေတို့အား ဖွင့်ပြောလာသည် ။

My boyfriend is a doctor (10)Where stories live. Discover now