12

1.2K 49 3
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 12

" ငါမင်းနဲ့ပတ်သတ်မိခဲ့တာ နောင်တရမိတယ် ပင်းပင်း "

1.

ပညာတော်သင်ဘဝက ထင်ထားသလောက် မခက်ခဲသဖြင့် ကျွန်တော် စိတ်သက်သာရာရ,ရသည် ။ မခက်ခဲသော်လည်း ပင်ပန်းသည် ။ ဂျူတီချိန်ကအစ မြန်မာပြည်တွင်လိုမဟုတ်ပဲ အချိန်ကြပ်သည် ။ တစ်ပတ်လုံးအတွက် နားနေချိန် လေးဆယ့်ရှစ်နာရီ ပေးသော်လည်း ထိုအချိန်များသည် မည်သို့ကုန်ဆုံးသွားမှန်းမသိ ။ ဂျူတီနည်းသည့်နေ့မှ ထိုအချိန်များအတွက် အတိုးချ၍ နားရသည် ။ ပင်ပန်းသော်လည်း ဤနေရာသို့ ပညာတော်သင်လာရသည့်အတွက် ကျွန်တော်ပျော်မိသည် ။

လူဖြူများ အများစုရှိသောဤဆေးရုံသည် လူမည်းများကို မနှိမ်သလို ကျွန်တော်ကဲ့သို့ အာရှတိုက်သားများကိုလည်း နွေးထွေးပေးသည် ။ အကုန်လုံး မိသားစုသဖွယ် ရင်းနှီးကြသောကြောင့် အလုပ်ဝင်ပြီး တစ်ပတ်အတွင်းမှာပင် ကျွန်တော့်၌ မိတ်ဆွေအချို့ ရနေပြီဖြစ်သည် ။ အချို့က မေးထူးခေါ်ပြောဆက်ဆံရေး အဆင့်၌သာရှိသေးသော်လည်း အချို့မှာမူ အိမ်အလည်လာသည့်အဆင့်သို့ပင် ရောက်နေပြီဖြစ်သည် ။ ထိုမိတ်ဆွေများ၏ကျေးဇူးဖြင့် ပင်းပင်းနှင့် ဖေဖေမေမေတို့ ဖုန်းမဆက်သည့်နေ့များတွင် အထီးမကျန်တော့ ။ စိတ်လွတ်လက်လွတ် ပျော်ပါးနေနိုင်ပြီဖြစ်သည် ။

2.

ဟားလိုးသို့ ပြောင်းရွှေ့ခွင့်တင်ပြီး တစ်ပတ်အကြာတွင် ကျွန်တော့်ပြောင်းရွှေ့ခွင့်ကို လက်ခံကြောင်း စာပြန်ရသည် ။ စက်မှုဇုန်မြို့လေးတွင်ရှိသောဆေးရုံသို့ ပြောင်းရွှေ့ခွင့်ရခြင်းသည်ပင် ကျွန်တော့်အတွက် ပျော်စရာကိစ္စဖြစ်သောကြောင့် ဂျက်ဆင်အပြင် အခြားမိတ်ဆွေ လေးငါးဦးနှင့်အတူ မြို့ထဲရှိ ဘီယာဆိုင်သို့ ထွက်လာခဲ့လိုက်သည် ။ ကျွန်တော်က အစာအိမ်ရောင်နေဆဲဖြစ်သောကြောင့် မသောက်သော်လည်း ဂျက်ဆင်နှင့် အခြားငါးယောက်ကမူ တစ်ခွက်ပြီးတစ်ခွက် မော့နေကြသည် ။ ထို့ကြောင့် ကျွန်တော်

" မင်းတို့ကောင်တွေမရှင်းရတိုင်း စွတ်သောက်မနေကြနဲ့ "

ဟု စနောက်လိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် အခြားလူများက ရယ်ကြသော်လည်း ဂျက်ဆင်ကမူ မရယ်ပဲ မှုန်တေတေဖြင့်ကြည့်ကာ

My boyfriend is a doctor (10)Where stories live. Discover now