29

998 36 3
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 29

" ဘာဖြစ်လို့ငိုနေတာလဲ ကောင်လေးရဲ့ ... မင်းအပြစ်မှမရှိတာ "

1.

ရိုစီက

" ဘုန်း ... ဒီမှါမင်းရဲ့ဖုန်း "

ဟု ဆိုကာ ကျွန်တော့်ဖုန်းကိုပေးသဖြင့် ကြောင်အအဖြစ်သွားရသည် ။ ရိုစီက ကျွန်တော်ကြောင်နေသည်ကို သတိထားမိဟန်မတူ ။ ဖတ်လက်စစာကို ဆက်ဖတ်နေသည် ။ ထို့ကြောင့် ကျွန်တော်ကပင်

" နိုအာမလာဘူးလား "

ဟု မေးလိုက်သည် ။ မေးရင်းနှင့်

" သူကပဲမှားပြောပြီး သူကပဲရှက်နေရသေး "

ဟု စိတ်ထဲမှ တွေးနေမိသည် ။ ကျွန်တော်တွေးနေစဉ်မှာပင် ရိုစီက

" နိုအာလား ... သူအရင်ဆေးရုံမှာလုပ်တုန်းက ကုပေးခဲ့တဲ့ကလေးမလေး အသည်းအသန်ဖြစ်နေတယ်ဆိုလို့ သွားကြည့်တယ် ... မင်းကိုပြောမသွားဘူးလား "

ဟု ပြောသည် ။ ရိုစီ့စကားကို ကျွန်တော် ခေါင်းခါပြလိုက်ပြီး နေရာတွင်ဝင်ထိုင်လိုက်သည် ။

2.

ခွဲစိတ်ခန်းရှိရာဆီသို့ အသည်းအသန်ပြေးလာသောကျွန်တော့်ကို ဂျက်ဆင်က ခွဲစိတ်ခန်းအပေါက်ဝမှ ဆီးကြိုသည် ။ ဂျက်ဆင်က ခွဲစိတ်ခန်းထဲတွင်ဝတ်ရသည့်ဝတ်စုံကိုပင် မချွတ်ရသေးသဖြင့် ကာရိုလင်း၏အခြေအနေကို ကျွန်တော် သဘောပေါက်လိုက်သည် ။

သို့သော် ...
လက်မလျှော့လိုသေး ။

" ကာရိုလိုင်းလေးအခြေအနေဘယ်လိုလဲ ... သူဘာမှမဖြစ်ဘူးမဟုတ်လား "

ဟု မေးလိုက်သည် ။ ဤဆေးရုံမှထွက်မသွားခင်ကတည်းက ကာရိုလိုင်း၏အခြေအနေကို သိသောကြောင့် ရင်ဆိုင်နိုင်ရန် စိတ်ကိုပြင်ဆင်ထားခဲ့သော်လည်း တကယ်တမ်းရင်ဆိုင်ရသောအခါ ထင်ထားသည်ထက်ပို၍ ခက်ခဲသည် ။ ထို့ကြောင့် ဂျက်ဆင်၏ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ

" ငါ့ကိုပြောစမ်းပါ ... ကာရိုလိုင်းဘာမှမဖြစ်ဘူးမဟုတ်လား ... သူအဆင်ပြေတယ်မဟုတ်လား "

My boyfriend is a doctor (10)Where stories live. Discover now