37

1K 39 4
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 37

" တွဲပြီးစလစ်နံပတ်တစ်နော် ... လက်ထပ်တာကလွဲပြီး တခြားဟာမလုပ်ကြေး "

1.

နှစ်ယောက်သား လက်ချင်းတွဲ၍ အဆောင်ထဲဝင်လာသော ကျွန်တော်တို့ကိုကြည့်ကာ ဝေက

" နှစ်ယောက်စလုံး အခုမှရည်းစားထားဖူးမှန်းအရမ်းသိသာတာပဲ "

ဟု ရယ်ဟဟနှင့်ဆိုသည် ။ ဝေ့စကားကို ကျွန်တော်က ပြန်မတုံ့ပြန်ပဲ ရယ်ရုံသာရယ်လိုက်သော်လည်း နိုအာကမူ

" အယ်လယ် ... သူကျ သူများဦးလေးနဲ့တွေ့ရင် အစ်ကို အစ်ကိုဆိုပြီး ပိုနေပြီးတော့ "

ဟု ပြန်နှက်သည် ။ နိုအာ့စကားအဆုံးတွင် ဝေက နိုအာ့ခေါင်းကို ဖွဖွထုကာ

" အမှန်တော့ မင်းဦးလေးကိုသွေးက အဲ့ဒီလိုပိုတာကိုသဘောကျတယ်ဆိုလို့ သူစိတ်ချမ်းသာအောင်နေပေးတာ "

ဟု အနိုင်မခံပဲပြန်ပြောသည် ။ ဝေက ကျွန်တော့်ထက် နှစ်,နှစ်ပိုကြီးသော်လည်း ကျွန်တော်တို့နှစ်ယောက်ထက်ငယ်သော နိုအာနှင့် ပြိုင်၍ရန်ဖြစ်နေသောကြောင့် ကျွန်တော်ကပင် နှစ်ယောက်ကြားတွင်ဝင်ရပ်လိုက်ပြီး

" နှစ်ယောက်စလုံး စကားနိုင်မလုနဲ့တော့ .... အထဲဝင်ရအောင် "

ဟု ပြောကာ နှစ်ယောက်စလုံးကို နေရာမှဆွဲခေါ်လာခဲ့လိုက်သည် ။

2.

နိုအာပြန်ရောက်လာပြီဖြစ်၍ ဝေက မူလနေရာသို့ပြန်ရတော့မည်ဖြစ်သည် ။ ဝေနှင့်အတူရှိရသည့်အချိန်က နှစ်လသာကြာမြင့်သော်လည်း ကျွန်တော်နှင့်နိုအာ့ကို များစွာအကူအညီပေးခဲ့သည် ။ အထူးသဖြင့် နိုအာနှင့်ပတ်သတ်သည့် ကျွန်တော့်ခံစားချက်ကို ကျွန်တော်ကိုယ်တိုင်သိလာအောင် လုပ်ပေးခဲ့သည် ။ ထို့ကြောင့် အခြားသူများမပါပဲ ကျွန်တော်တို့သုံးယောက်ထဲ ညစာစားပွဲလေးလုပ်ရန် စိတ်ကူးမိသည် ။ နှစ်ယောက်စလုံးကို အံ့သြသွားစေလိုသောကြောင့် ထိုအစီအစဉ်ကို မည်သူ့ကိုမှမပြောပဲ တိတ်တဆိတ် ဆောင်ရွက်ခဲ့သည် ။ ကျွန်တော့်အစီအစဉ်အတိုင်း နှစ်ယောက်စလုံးက ဂွင်ထဲသို့ဝင်လာသောကြောင့် ဂျူတီထွက်သည်နှင့် ကျွန်တော်စီစဉ်ထားသည့် စားသောက်ဆိုင်ဆီ နှစ်ယောက်စလုံးကို ခေါ်လာခဲ့လိုက်သည် ။

My boyfriend is a doctor (10)Where stories live. Discover now