Extra 2

1.8K 43 10
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Extra 2.

1.

ဖန်သားပြင်ပေါ်တွင် မြင်နေရသောမျက်နှာလေးက အလိုမကျဟန်ဖြင့် တွန့်ခေါက်နေသောကြောင့် ကျွန်တော် ပြုံးလိုက်ပြီး

" ဟောဗျာ ... စိတ်ကောက်ပြန်ပြီလား "

ဟု မေးလိုက်သည် ။

" မကောက်ပါဘူး "

ဟူသော အဖြေစကားကိုပြန်ရသော်ငြား မျက်နှာက မှုန်နေဆဲဖြစ်သောကြောင့်

" ကိုယ့်ကလေးလေးက ကိုယ့်ကိုစိတ်ကောက်နေတာပဲ ... အာဘွားပေးရမယ် "

ဟု ပြောကာ ဖန်သားပြင်အနားသို့ မျက်နှာကိုတိုးကပ်လိုက်သည် ။ ထိုအခါ

" သွား ... အခုမှလာချော့မနေနဲ့ ... ပစ်တုန်းကပစ်ထားပြီးကာမှ "

ဟူသော စကားကိုကြားရသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" မပစ်ရပါဘူးဗျာ ... ကိုယ့်မှာမင်းလေးအနားကို အမြန်ဆုံးပြန်လာနိုင်ဖို့ အလုပ်တွေကြိုးစားနေတာပါဗျာ "

ဟု ပြောလိုက်သည် ။

သို့သော် ...
စိတ်ကောက်နေသူက  စိတ်ဆိုးမပြေသေး ။

" လူကိုလုပ်ချင်တိုင်းလုပ်ပြီးပစ်သွားတယ် ... ကိုကြီးက မကောင်းဘူး "

ဟု ပြန်ပက်သည် ။ တကယ်တမ်းလည်း ထိုကဲ့သို့ထင်ရသည့်အခြေအနေဖြစ်နေသောကြောင့် ခေါင်းကုတ်လိုက်ပြီး

" ဘေဘီကလည်းကွာ ... လက်ထပ်မယ်လို့ ကတိပေးထားတာပဲကို ... ပြီးတော့ ကိုယ်တို့နှစ်ယောက်လည်း လက်စွပ်လဲပြီးပြီ ... ဘာဖြစ်လို့ပစ်ရမှာလဲ "

ဟု ဖြေရှင်းချက်ပေးမိသည် ။

2.

ယနေ့ ကျွန်တော် အောင်စာရင်းထွက်မည့်နေ့ဖြစ်သည် ။

သို့သော် ...
အလုပ်များနေသောကိုကြီးက သတိမရသဖြင့် ကိုကြီးကိုစိတ်ကောက်ကာ ဂျစ်တိုက်နေမိသည် ။

ကိုကြီးကလည်း အလုပ်ရှုပ်နေသော်ငြား ကျွန်တော်ရစ်သမျှကို သည်းခံသည် ။ ကျွန်တော်ကလည်း ကိုကြီးသည်းခံမှန်းသိသောကြောင့် ပို၍ဆိုးသည် ။ ယနေ့လည်း မနေ့ညက ကျွန်တော်ခေါ်သည့်ဖုန်းကို ကိုကြီးက မကိုင်သည်ကိုအကြောင်းပြု၍ ကိုကြီးအားစိတ်ကောက်နေခြင်းဖြစ်သည် ။ စိတ်ကောက်ကာ ကိုကြီးနှင့် ကျွန်တော်အတူနေပြီးသောအခါမှ ကိုကြီးက ပစ်သွားသည်ဟု ပြသနာမရှိ ပြသနာရှာသည် ။ ကိုကြီးက

My boyfriend is a doctor (10)Nơi câu chuyện tồn tại. Hãy khám phá bây giờ