31

1.1K 38 6
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 31

" မရဘူး ... ငါကကိုကြီးလူပဲ "

1.

နိုအာသွားသည်မှာ တစ်ပတ်ပင်မပြည့်သေးသော်ငြား တစ်ဖွဲ့လုံး နိုအာ့ကိုသတိရနေကြသည် ။ ဝေက နိုအာ့နီးပါးပွင့်လင်း၍ ဖော်ရွေတတ်သော်လည်း နိုအာ့လောက် ရင်းနှီးသည်ဟု မခံစားရ ။ ဝေကလည်း ကျွန်တော်တို့စိတ်ကိုသိဟန်တူသည် ။ တတ်နိုင်သမျှ ကျွန်တော်တို့နှင့် ရင်းနှီးအောင်နေသည် ။ ထို့ကြောင့် ဝေနှင့်ပြောဆိုဆက်ဆံရသည်မှာ နိုအာ့လောက်မရင်းနှီးသော်ငြား မစိမ်းသက် ။ နိုအာကလည်း တစ်ရက်မပျက်ဖုန်းခေါ်၍ ကျွန်တော်တို့နှင့် စကားပြောသည် ။ များသောအားဖြင့် အလ္လာပ သလ္လာပစကားများပြောကြခြင်းဖြစ်သော်လည်း ပြောပြီးသည့်အခါတိုင်း စီလင်းနှင့် မေပယ်လ့်ကို ဂရုစိုက်ပေးရန် တစ်ဖွဖွမှာသည် ။ နိုအာ့စကားအတိုင်း ကျွန်တော်နှင့်ဝေလည်း ဂရုစိုက်ပေးသည် ။

သို့သော် ...
နိုအာသွားပြီး တစ်လမပြည့်ခင်မှာပင် စီလင်း၏အနေအထားက လက်လျှော့လိုက်ရတော့မည့်အခြေအနေ ဖြစ်လာသည် ။ ဝေက ထိုကိစ္စကို နိုအာ့အားမပြောရန် နှုတ်ပိတ်ထားသောကြောင့် နိုအာဖုန်းဆက်သည့်အချိန်တိုင်း စီလင်းအဆင်ပြေသည်ဟု မုသားစကားကို ဆိုခဲ့ကြသည် ။

2.

စီလင်း၏ဆရာဝန်က လက်လျှော့လိုက်ပြီဖြစ်သောကြောင့် စီလင်း၏မိဘများက စီလင်းကို အိမ်သို့ပြန်ခေါ်သွားရန်ပြင်နေကြကြောင်း စီလင်း၏ဆရာဝန်က အသိပေးလာသည် ။ စီလင်းနှင့် နိုအာ့သံယောဇဉ်ကိုသိသော ကျွန်တော်တို့အတွက် ထိုကိစ္စက ခေါင်းခဲစေပြန်သည် ။ စီလင်းအိမ်ပြန်တော့မည့်အကြောင်း နိုအာသိလျှင် ရှိသမျှတာဝန်များကိုပစ်ချကာ ပြန်ပြေးလာမည်ဖြစ်ကြောင်း သိနေသည် ။ မပြောပြန်လျှင်လည်း ယခင်တစ်ခေါက်ကကဲ့သို့ ခံစားရအုံးမည်ဖြစ်သည် ။ ထို့ကြောင့် ဝေ့အကြံပြုချက်အတိုင်း စီလင်းကိစ္စ နိုအာ့ကိုပြောသင့်,မပြောသင့် မဲခွဲဆုံးဖြတ်ရန် သဘောတူလိုက်ကြသည် ။

အကုန်လုံး၏ သဘောတူညီချက်အတိုင်း မဲခွဲကြရာ မပြောသည့်ဘက်၌ မဲမရှိပဲ ပြောသည့်ဘက်၌သာ အကုန်လုံး၏မဲများက ရောက်နေသဖြင့် နိုအာဖုန်းဆက်သည့်အခါ အမှန်အတိုင်းပြောမည်ဟု စိတ်ဆုံးဖြတ်လိုက်ကြသည် ။

My boyfriend is a doctor (10)Where stories live. Discover now