16

1.1K 42 7
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

" ငပေ "

Ch - 16

1.

သိပ်မကြာခင်အချိန်အတွင်းမှာပင် နိုအာနှင့် ကျွန်တော် ရင်းနှီးသွားကြသည် ။ ခပ်မြန်မြန်ပင်ရင်းနှီးသွားကြသောကြောင့် ရိုစီတို့ကပင် မနာလိုဖြစ်ကြကြောင်း ဖွင့်ဟဝန်ခံလာကြသည် ။

သို့သော် ..
ကျွန်တော်ရော နိုအာကပါ အရေးမလုပ်ဖြစ်ကြ ။

မြန်မာလူမျိုးအချင်းချင်းဖြစ်သောကြောင့် ပို၍ရင်းနှီးကြခြင်းဖြစ်ကြောင်း ပြောထားသဖြင့် လိပ်ပြာမလုံမဖြစ်မိ ။ ရိုစီတို့ကလည်း စရုံသာစပြီး အမှန်တကယ်မနာလိုမဖြစ်ကြသောကြောင့် ကျွန်တော်နှင့်နိုအာသည် အခင်ဆုံးသူငယ်ချင်းများဖြစ်လာကြသည် ။ စကားပြောဖော် နိုအာရောက်လာသောကြောင့် ပင်းပင်းကိုပင် သတိမရတော့ ။ ပင်းပင်းဖုန်းဆက်သည့်အချိန်၌သာ နှစ်ယောက်သားစကားပြောဖြစ်ကြသည် ။ ကျန်အချိန်များတွင် စာစုကျက်လိုက် အပြင်ထွက်လည်လိုက်နှင့် ပညာတော်သင်ဘဝသည် ထင်မထားလောက်အောင် အဆင်ပြေသည် ။ ထို့ကြောင့် တစ်ခေါက်တည်းနှင့် စာမေးပွဲအောင်,အောင်ဖြေမည်ဟု စိတ်ဆုံးဖြတ်ထားလိုက်သည် ။

2.

ကျွန်တော် ထမင်းပန်းကန်ကို စားပွဲခုံပေါ်တွင်တင်ထားပြီး မစားပဲ ငုတ်တုတ်ထိုင်နေသော နိုအာ့အရှေ့တွင် ဝင်ထိုင်လိုက်ပြီး

" ညကဂျူတီပင်ပန်းလို့လား "

ဟု မေးလိုက်သည် ။ ထိုအခါ နိုအာက ခပ်နွမ်းနွမ်းပြုံးပြကာ

" မဟုတ်ပါဘူး ကိုကြီးရာ ... ဗိုက်အောင့်နေလို့ "

ဟု ပြန်ဖြေရင်း ဗိုက်ပေါ်သို့ လက်တစ်ဖက်တင်ကာ အသာဖိထားသည် ။ နိုအာ့စကားအဆုံးတွင် ကျွန်တော် နိုအာ့ကိုကြည့်လိုက်ပြီး

" ဘယ်လိုဖြစ်လို့လဲ "

ဟု မေးလိုက်သည် ။ ကျွန်တော့်မေးခွန်းကို နိုအာက

" အခုတလော ဘာမှဟုတ်တိပတ်တိသိပ်မစားဖြစ်လို့ ပြန်အောင့်တာထင်တယ် "

ဟု ပြန်ဖြေရင်း အသီးအရွက်သုတ်တစ်ဇွန်းကို ခပ်စားသည် ။ ထို့ကြောင့် ကျွန်တော်လည်း ကျွန်တော်ယူလာသည့် ပေါင်မုန့်အသားညှပ်ကိုယူကာ ကိုက်လိုက်သည် ။

My boyfriend is a doctor (10)Where stories live. Discover now