6

1.5K 64 4
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 6

" ငါတို့လက်ထပ်ဖို့ကိစ္စကို ပြန်စဉ်းစားဖို့လိုနေပြီ "

1.

စီနီယာဒေါက်တာမမက ကျွန်တော်ပြောပြသည်ကို နားထောင်ပြီး သက်ပြင်းချသည် ။ ပြီးမှ ကျွန်တော့်ကိုကြည့်ကာ

" နင့်ဇာတ်လမ်းကလည်းမလွယ်ပါလား ခန့်ကလေးရယ် "

ဟု ပြောသည် ။ ထို့ကြောင့် ကျွန်တော်ခေါင်းညိတ်လိုက်ပြီး

" ကျွန်တော်ဘာဆက်လုပ်သင့်လဲ အစ်မ "

ဟု မေးလိုက်သည် ။ ကျွန်တော့်မေးခွန်းကို စီနီယာဒေါက်တာမမက ချက်ချင်းပြန်မဖြေ ။ ခတ္တကြာအောင် ငိုင်နေပြီးမှ

" ညှိကြည့်ကြည့်ပါအုံး "

ဟု ပြောသည် ။ ထိုစကားကြောင့် ကျွန်တော် ခေါင်းကုတ်လိုက်ပြီး

" ညှိလည်းဒီအဖြေပဲထွက်မှာ အစ်မ "

ဟု ပြောလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် စီနီယာဒေါက်တာမမက

" ဘာပဲပြောပြော နင်တို့ကစေ့စပ်ပြီးပြီဆိုတော့ မကြာခင်လက်ထပ်ကြရတော့မှာ .... ဆိုတော့ လက်မထပ်ခင် အရင်ပြေလည်အောင်ညှိရင်ညှိ မဟုတ်ရင် လမ်းခွဲလိုက်ကြ ... အဖြေကဒါပဲရှိတယ် ... ဒါပေမဲ့ စိတ်လိုက်မာန်ပါမလုပ်နဲ့ .... ဟိုဘက်ကမိန်းကလေး "

ဟု ပြောသည် ။

" ပြီးတော့ နင်ကနောက်လပညာတော်သင်သွားရတော့မှာဆိုတော့ အနည်းဆုံးသုံးနှစ်ပဲ ... အဲ့ဒီတေါ့ ဟိုကိုမရောက်ခင် အဖြေကိုပြတ်ပြတ်သားသားသိရအောင်သာလုပ်သွား "

ဟု ဆက်ပြောသဖြင့် ကျွန်တော် ရင်မောရသည် ။

2.

စီနီယာဒေါက်တာမမပြောသည့်အတိုင်း ကျွန်တော်နှင့်ပင်းပင်း ရေရှည်လက်တွဲနိုင်မတွဲနိုင် ဆွေးနွေးရန်အတွက် ပင်းပင်းတို့ကုမ္ပဏီနှင့် မျက်နှာချင်းဆိုင်ကော်ဖီဆိုင်သို့ ပင်းပင်းအား ချိန်းလိုက်သည် ။ ကျွန်တော်ရောက်ပြီး သိပ်မကြာခင်မှာပင်

" စောင့်ရတာကြာသွားလား ကိုကို "

ဟူသောအသံနှင့်အတူ ပင်းပင်းက ရောက်လာသည် ။ ဤနေရာသို့လာသည်မှာ အလာပသလာပပြောရန်ရောက်လာခြင်းမဟုတ်သောကြောင့် ပင်းပင်းကို

My boyfriend is a doctor (10)Where stories live. Discover now