33

1K 39 4
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 33

" ငါ့မှာနင်မဟုတ်တဲ့ချစ်သူလည်းရှိနေပြီ "

1.

" ငါတို့ဇာတ်လမ်းကို ဒီနေရာမှာပဲရပ်လိုက်ကြရအောင် "

ဟု ပြောလိုက်သော ကျွန်တော့်စကားအဆုံးတွင် ပင်းပင်းက ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ အော်ရယ်သည် ။ ကျွန်တော်က မည်သည့်စကားမှမပြောပဲ အသံတိတ်ကာ ကြည့်နေသည်ကို သိသောအခါမှ ခေါင်းကုတ်၍

" ကိုကိုရာ ... အလကားစနေရအောင် ဒီနေ့က ဧပရယ်လ်ဖူးလ်ဒေးလည်းမဟုတ်ဘူး "

ဟု ပြောသည် ။ ထို့ကြောင့် ကျွန်တော် မျက်နှာကို တည်နိုင်သလောက်တည်လိုက်ပြီး

" ငါစနေတာမဟုတ်ဘူး တကယ်ပြောနေတာ ... ပြီးတော့ ငါ့မှာနင်မဟုတ်တဲ့ချစ်သူလည်းရှိနေပြီ "

ဟု ပြောလိုက်သည် ။ ထိုအခါမှ ပင်းပင်းက တအံ့တသြဖြင့်

" ကိုကို "

ဟု ခေါ်သည် ။ လတ်တလောအခြေအနေအရ ပင်းပင်းကို ကျွန်တော် ဂရုမစိုက်နိုင် ။ နိုအာ့ထံသို့သာ စိတ်ရောက်နေသောကြောင့်

" နင်လည်းငါ့ကိုမချစ်ဘူးမဟုတ်လား ... နှစ်ယောက်စလုံး မိဘတွေသဘောကြောင့် ဒီမင်္ဂလာပွဲက်ုလက်ခံခဲ့တာ ... အခု ငါ့မှာသဘောကျရမဲ့သူရှိနေပြီမို့လို့ ဒီစေ့စပ်ပွဲကိုဖျက်လိုက်ကြရအောင် "

ဟု ပြောလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် ပင်းပင်းက ဟက်ကနဲရယ်ကာ

" ညီမက ကိုကို့ကိုဘာဖြစ်လို့မချစ်ရမှာလဲ ... ဟိုးဆယ့်ခြောက်နှစ်ကတည်းက အခုအချိန်အထိ ကိုကို့တစ်ယောက်ထဲကိုပဲသဘောကျခဲ့တာ "

ဟု ပြောသည် ။ ကျွန်တော်

" အဲ့ဒါဆိုလည်း နောက်ထပ်,ထပ်ပြီးသဘောမကျနဲ့တော့ "

ဟု ပြောကာ မတ်တပ်ထရပ်လိုက်သောအခါ ပင်းပင်းက ကျွန်တော့်လက်ကိုဆွဲပြီး

" ဂရုမစိုက်ဘူး "

" ကိုကို့ဘာသာ ဘယ်သူ့ကိုပဲသဘောကျကျ ... ညီမက ကိုကို့ကိုပဲသဘောကျတယ် "

My boyfriend is a doctor (10)Where stories live. Discover now