32

760 17 0
                                    

My boyfriend is a doctor {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 32

" ကိုယ်တို့တွဲကြရအောင် "

1.

" ကိုယ်လည်းမင်းကိုသဘောကျတယ် နိုအာ "

ညကြီးမင်းကြီး လူအိပ်ချိန်ရောက်သောအခါမှ ရောက်လာသောစာကြောင့် ကျွန်တော် အိပ်ချင်စိတ်ပင်အနည်းငယ်ပြေသွားရသည် ။ ထို့အပြင် ဤစာက ကိုကြီးထံမှပို့လိုက်ခြင်းဖြစ်သောကြောင့် အူကြောင်ကြောင်ဖြစ်နေသည့်ကြားကပင် ရယ်ချင်မိသည် ။ ပိုင်ရှင်ရှိနေသည့်ကိုကြီးက ကျွန်တော့်ထံသို့ ဤကဲ့သို့စာမျိုးပို့လိမ့်မည်မဟုတ် ။ ရိုစီ သို့မဟုတ် ကိုဝေ ကြပ်လိုက်ခြင်းသာဖြစ်ပေလိမ့်မည်ဟု တွေးမိသည် ။ ထို့ကြောင့် စာပြန်မပို့တော့ပဲ ဖုန်းကိုစားပွဲခုံပေါ်ပြန်တင်လိုက်သည် ။

" အရေးကြီးတဲ့ဖုန်းလား ကေလး "

ဟု မေးလာသော ကိုသွေးကို ရယ်ပြလိုက်ပြီး

" မဟုတ္ဘူး ... ကိုဝေထင်တယ် ... ကိုကြီးဖုန်းနဲ့ကျွန်တော့်ကိုစနေတာ "

ဟူ၍ ပြောလိုက်သည် ။ ထို့နောက်

" အိပ်တော့မယ် "

ဟု ပြောကာ ကိုသွေးခင်းပေးထားသည့် ဖော့ဖျာပေါ်တွင် လှဲလိုက်သည် ။

2.

ဝေနှင့် သုံးနာရီနီးပါး စကားပြောပြီးသောအခါ ကျွန်တော့်ခံစားချက်ကိုကျွန်တော် ရှင်းရှင်းလင်းလင်းသိလာသည် ။ ထို့အပြင် နိုအာ့အပေါ်တွင်ရှိနေသော ကျွန်တော့်စိတ်ကိုလည်း သိလာရသည် ။ ထို့ကြောင့် နိုအာ့အား ကျွန်တော့်ခံစားချက်ကိုထုတ်ပြောရန် စိတ်ကူးမိသည် ။ ဖုန်းဆက်၍ပြောရန် စိတ်ကူးမိသော်လည်း စီလင်းကိစ္စနှင့် စိတ်ညစ်နေမည့်လူကို စိတ်မရှုပ်စေချင် ။ ထို့ကြောင့်

" ကိုယ်လည်းမင်းကိုသဘောကျတယ် နိုအာ "

ဟု စာတိုသာပို့လိုက်သည် ။

သို့သော် ...
နိုအာ့ထံမှ ပြန်စာမလာ ။ အိပ်နေသဖြင့် မမြင်သေးခြင်းဖြစ်မည်ဟု တွေးမိသော်လည်း နိုအာ့ဘက်ကဖွင့်ပြောပြီး ရက်အတော်ကြာမှ ကျွန်တော့်ဘက်က ပြန်တုံ့ပြန်ခြင်းဖြစ်သောကြောင့် စိတ်လှုပ်ရှားနေမိသည် ။ ထို့အပြင် အငြင်းခံရမည်ကိုလည်း စိုးရိမ်နေမိသည် ။ စိုးရိမ်နေသော်လည်း နိုအာ့ဘက်က တစ်ခုခုပြန်တုံ့ပြန်လျှင်ပင် ကျွန်တော့်အတွက် အခြေအနေကောင်းသည်ဟုဆိုနိုင်သောကြောင့် ပြန်စာကိုသာ စောင့်နေလိုက်သည် ။

My boyfriend is a doctor (10)Where stories live. Discover now