35

1K 40 2
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 35

" ဒီတစ်ခါတော့ ကျွန်တော့်ကောင်လေးက အရမ်းအရမ်းကို ချစ်စရာကောင်းနေလို့ စကားနားထောင်လိုက်မယ် "

1.

နိုအာက အဆောင်မှ အိမ်သို့လာသည့်လမ်းတစ်လျှောက် မားကတ်မှဝယ်လာသည့်သွားရည်စာမုန့်များကို တစ်ခုပြီးတစ်ခုစားလာသည့်အပြင် ကားပေါ်မှဆင်းသည့်အချိန်အထိလည်း ဆက်စားနေသောကြောင့် ကျွန်တော် နိုအာ့လက်ထဲမှမုန့်ကိုယူလိုက်ပြီး

" တော်တော့ .. မစားနဲ့တော့ "

ဟု ပြောလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် နိုအာက ငိုမဲ့မဲ့မျက်နှာနှင့် ကျွန်တော့်ကိုကြည့်ကာ

" ကိုကြီး "

ဟု အလိုမကျစွာခေါ်သည် ။ ထို့ကြောင့် နိုအာ့ကိုဖက်လိုက်ပြီး

" ကောင်ဆိုးလေး ... မင်းဒီလေါက်တောင် တရစပ်စားနေတာ ညစာစားဖို့ဗိုက်ရောဆံ့သေးရဲ့လား "

ဟု ပြောလိုက်သည် ။ ထိုအခါမှ နိုအာက

" မဆံ့လည်း ရအောင်စားမှာပေါ့ "

ဟု ပြောသည် ။ နိုအာ့စကားအဆုံးတွင် ကျွန်တော် ပြုံးလိုက်ပြီး

" နိုအာကလိမ္မာတယ် ... ညစာစားဖို့အစာအိမ်နေရာနည်းနည်းချန်ထားလိုက်အုံး ... ဟုတ်ပြီလား "

ဟု ပြောကာ နိုအာ့ခေါင်းကို ငုံ့နမ်းလိုက်သည် ။ ထိုအခါမှ နိုအာက ကျွန်တော့်ခါးကိုဖက်လာကာ

" ပြီးရော ... ဒီတစ်ခါတော့ ကျွန်တော့်ကောင်လေးက အရမ်းအရမ်းကို ချစ်စရာကောင်းနေလို့ စကားနားထောင်လိုက်မယ် "

ဟု ပြောသည် ။ ချွဲနေသော နိုအာ့ပုံစံက ချစ်စရာကောင်းလွန်းနေသောကြောင့် ကျွန်တော် အသံထွက်၍ပင် ရယ်လိုက်မိသည် ။

2.

နိုအာ့ကိုသာကြည့်နေသဖြင့် ပင်းပင်းရှိနေသည်ကို သတိမထားမိ ။ ဓာတ်လှေကားခေါ်ရန် ခလုတ်ကိုနှိပ်လိုက်သောအခါမှ

" ကိုကို "

ဟု ခေါ်လိုက်သော ပင်းပင်း၏အသံက ထွက်လာသဖြင့် ပင်းပင်းရှိနေမှန်း သတိထားမိသည် ။ နိုအာကလည်း ပင်းပင်း၏အသံကိုကြားသည်နှင့် ကျွန်တော့်လက်မောင်းကို တင်းကြပ်စွာဆုပ်ကိုင်ပြီး ကျွန်တော့်ကိုမော့ကြည့်သည် ။ ယခင်တစ်ခေါက်ကကဲ့သို့ ထပ်ဖြစ်မည်ကို စိုးရိမ်နေဟန်တူသည် ။ ထို့ကြောင့် နိုအာ့ကို ပြုံးပြလိုက်ပြီး

My boyfriend is a doctor (10)Donde viven las historias. Descúbrelo ahora