3

1.9K 79 2
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 3

" နင့်မှာလူတွေအများကြီးရှိပေမဲ့ သူတို့မှာငါပဲရှိတာ "

1.

ပညာတော်သင်သွားရမည့်ကိစ္စကို ပင်းပင်းအားပြောရန် အခွင့်အရေးမရသေးသောကြောင့် မေမေတို့ကိုပင် အရင်ပြောပြလိုက်သည် ။ ကျွန်တော့်စကားကိုနားထောင်ပြီး မေမေက

" သားကမေမေတို့အကူအညီမယူချင်ဘူးပြောကတည်းက သားလုပ်နိုင်မယ်ဆိုတာ မေမေသိတယ် ... တော်တယ် သား "

ဟု ချီးကျူးစကားဆိုသည် ။ ပြီးမှ

" ပင်းပင်းလေးကိုရော အသိပေးပြီးပြီလား "

ဟု မေးသည် ။ ယနေ့ပင် ပင်းပင်းတို့အိမ်သို့သွားခဲ့ကြောင်း မေမေ့ကိုပြောလိုသော်လည်း အရှည်အရှည်ဖြစ်မည်စိုး၍မပြောသေးပဲ ပြုံး၍ခေါင်းခါလိုက်ကာ

" မပြောရသေးဘူး မေမေ "

ဟု ပြောလိုက်သည် ။ မေမေက

" ပြောလိုက်အုံးသား ... သမီးလေးသိရင် တအားဝမ်းသာရှာမှာ "

ဟု ပြောသည် ။ မေမေပြောသောထိုစကားကြောင့် ကျွန်တော် နေ့လည်က ပင်းပင်းမူးနေမည့်ပုံကို ပုံဖော်ကြည့်လိုက်သည် ။ အတွေးထဲတွင်ပင် စိတ်ရှုပ်စရာကောင်းသဖြင့် စိတ်ထဲမှ မေမေ့အား

" ဝမ်းသာဖို့နေနေသာသာ သူ့ဘာသူတောင်မူးလို့ရူးလို့ "

ဟု ပြောလိုက်သည် ။ စိတ်ထဲမှ ထိုသို့ပြောလိုက်သော်လည်း ပါးစပ်ကမူ

" မနက်ဖြန် သားသူ့အိမ်သွားပြောလိုက်မယ် "

ဟု ခွန်းတုံ့ပြန်လိုက်သည် ။

2.

ဆရာဝန်လောကမှ တစ်နှစ်သာအနားယူရသေးသည် ။ ခေါင်းထဲတွင်ရှိသည့် ဆေးပညာနှင့်ဆိုင်သည့် အချို့သောအကြောင်းအရာများကို မေ့သွားသဖြင့် မိမိကိုယ်ကိုယ် စိတ်ပျက်ရသည် ။ အနားတွင် သူနာပြုဆရာမလေးရှိနေ၍သာ တော်သေးသည်ဟုဆိုရပေမည် ။

သို့သော် ...
ယခုကိစ္စတွင်မူ သူနာပြုဆရာမလေးလည်းမကူညီနိုင် ။ ဤကုသမှုကို မိမိရော သူနာပြုဆရာမလေးရော မကိုင်တွယ်ဖူးသဖြင့် ရင်ထိတ်နေမိသည် ။ သူနာပြုဆရာမလေးက ချိတုံချတုံဖြစ်နေသော ကျွန်တော့်ကိုကြည့်၍

My boyfriend is a doctor (10)Where stories live. Discover now