Description
26.1K 1.2K 27
ဟယ်လို အားလုံးပဲ။ ကျွန်တော့်နာမည်က ရှန်ကျန်းကော်။ ကျွန်တော်က အတွေးအခေါ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ မာ့စ်ဝါဒီဒဿနိက‌ဗေဒကို သင်ကြားနေတဲ့ ညကျောင်းဆရာတယောက်ပါ။ ရံဖန်ရံခါတော့ လတ်တလော နိုင်ငံရေးမူဝါဒနဲ့ စီမံချက်များကို ကျွန်တော့်ကျောင်းသားတွေအတွက် သရုပ်ခွဲလေ့လာတယ်။
ကျွန်တော့်အတန်းတွေအားလုံးက ညသန်း‌ခေါင်မှပါ။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ကျောင်းသား‌ေတွကို နေ့ဘက်မှာ မမြင်ဖူးဘူးဗျ။ လေ့ကျင့်ရေးသင်တန်းကျောင်းရဲ့ ကျောင်းခန်းတွေအားလုံးက စွန့်ပစ်ထားတဲ့ ကျောင်းတွေ၊ ဆေးရုံတွေ ဒါမှမဟုတ်ရင် လူနေအိမ်တွေ။ ကျွန်တော့်ကို လာကြိုတဲ့ဘတ်စ်ကားရဲ့လိုင်စင်နံပါတ်က ‌၄၄၄တဲ့။ အဲ့ကားက ‌အမြဲတမ်း သန်းခေါင်တိတိမှာ အိမ်ရှေ့ဆိုက်တယ်။ ပြီးတော့ မနက်ငါးနာရီဆို မမြင်ရတော့ဘူး။
ခင်ဗျာ။ ကျွန်တော်က သရဲနဲ့ဆုံခဲ့တယ်လို့ ခင်ဗျားပြောနေတာလား။ မဖြစ်နိုင်တာဗျာ။ သိပ္ပံနည်းကျ ရုပ်ဝါဒီတယောက်အနေနဲ့ သရဲဆိုတဲ့ အရာတွေကို လုံး၀ အယုံအကြည်မရှိဘူးဗျ။
လတ်တလောတော့ ပြဿနာတခု ရှိ‌နေတယ်။ ကျောင်းက အတန်းတွေကို စောစောစလို့မရဘူးလား။ ညရှစ်နာရီလောက်လေ။ ကောင်းကင်ဘုံရော ငရဲဘုံကိုပါ ကျွန်တော်မကြောက်ပါဘူး။ ဒါပေမယ့် ထိပ်ပြောင်သွားမှာကိုတော့ ကြောက်တယ်ဗျ။
They All Say I've Met a Ghost ( MM Translation)Where stories live. Discover now