အခန်း ( ၃.၁ )

3.9K 806 11
                                    

ကျွန်တော် ခုပဲ တိုက်ပွဲတခုကို ကြုံထားရတာ ပြီးတော့ ငြင်းခုံဖို့လည်း အားမရှိတော့ဘူး။

ကျွန်တော် ခုံတခုံ ဆွဲယူပြိီး ထိုင်ချလိုက်တယ်။     Mr.Saw ကို ကျွန်တော် ပြောလိုက်တယ်။

"ကျွန်တော်တို့ ပြောဖို့လိုတဲ့ ကိစ္စတွေ ရှိတယ်။ ကျွန်တော်ရဲခေါ်မခေါ်က ဒီစကားတွေအပေါ်ပဲ မူတည်တယ်"

  Mr.Saw  ကကျွန်တော့်ကို မနှစ်မြို့စရာကောင်းတဲ့ အကြည့်နဲ့ ကြည့်တယ်။ ဒဏ်ရာရထားတဲ့ ကျွန်တော့်လက်ကို သူ့ရှေ့ ယမ်းပြလိုက်တယ်။ ရှပ်အင်္ကျိီမှာ သွေးတွေ စိုနေတာကို မြင်လည်းမြင်သွား‌ေရာ သူကြောက်လန့်ပြီး မျက်နှာလွှဲလိုက်တယ်။

နောက်ဆုံးတော့ ကျွန်တော့်ခန့်မှန်းချက်ကို အတည်ပြုလို့ရသွားတယ်။  ကျွန်တော် သူ့ကို မေးလိုက်တယ်။

" သွေးမြင်ရတာက ဦးလေးကို နေမကောင်းဖြစ်စေတာလား။"

ခေါင်းထဲကို သံမှိုရိုက်ထည့်ရမယ်။ သူ ကျွန်တော့်ကို ခေါင်းလှည့်ကြည့်တယ်။

"ကျွန်တော် သွေးထွက်တာ မြင်ပြီးတော့ ဦးလေး လွှစက်ကို ဆုပ်ထားတာ အများကြီး အားလျော့သွားတယ်‌ေလ။ ပြီးတော့ ကျွန်တော့် လွှစက်ကို ဆွဲလုတာကိုလည်း ဒီတိုင်းလွှတ်ပေးလိုက်တယ်။"

ကျွန်တော် တွက်ဆကြည့်‌လ်ိုက်တယ်။

"အဲ့ဒီနောက်ပိုင်း ဦးလေး ကြည့်ရတာ သိပ်အဆင်ပြေပုံမရဘူး။"

Mr.Saw က သူ့ရင်ဘတ်ကို ထုလိုက်ပြီး ချောင်း ပြင်းပြင်းထန်ထန် စဆိုးလာတယ်။ ကျွန်တော် သူ့နောက်ကျောကို သပ်ပေးချင်ပေမယ့် သူ့နားကို ကျွန်တော် ကပ်လာတာမြင်တာနဲ့ ချက်ချင်းပဲ အော်လိုက်တယ်။

"အား ငါနဲ့ ဝေးဝေးနေ"

ကျွန်တော်လည်း တံခါးနားပြန်ဆုတ်သွားလိုက်ပြီး သူ ငြိမ်သွားဖို့ တိတ်တဆိတ်ပဲ စောင့်နေလိုက်တယ်။

"ကျွန်တော် ဆေးရုံကား ခေါ်ဖို့ မလိုတာ သေချာလား။"

စိတ်ပညာနဲ့ ဆိုင်တဲ့ ပြဿနာပေမယ့် တကယ်လို့ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါ ရှိသူပဲဖြစ်ဖြစ် ပန်းနာရင်ကျပ်ရှိသူပဲ ဖြစ်ဖြစ် သွေးကိုမြင်တဲ့အခါ ဆိုးဆိုးဝါးဝါးတုံ့ပြန်မှုရှိနေပြီဆို အရမ်းအနွရာယ် များတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now