အခန်း ( ၃ )

3.9K 855 46
                                    

မ‌ထင်မှတ်ထားဘဲ Mr.Saw က ခွန်အားသိပ်မရှိဘူး။ ကျွန်တော် သူ့လက်ကို ဖမ်းထားတော့ လွှစက်ကို မမြှောက်နိုင်တော့ဘူး။

"မင်း" ကျွန်တော် ဘာလို့ဒီလောက်အားသန်နေတာလဲ မေးချင်‌ေနတဲ့ပုံနဲ့ ကျွန်တော့်ကို အထိတ်တလန့်စိုက်ကြည့်တယ်။

ဒါပေါ့ အားသန်မှာပေါ့ လေ့ကျင့်ခန်း ပုံမှန်လုပ်တယ်လေ။ ပြင်ပအားကစားလှုပ်ရှားမှုတွေမှာလည်း မကြာခဏပါပြီး တိုက်ကွမ်ဒိုလည်း ကစားတယ်။ ပြီးတော့ martial arts အမျိုးအစားအားလုံးကိုလည်း နည်းနည်းပါးပါးစီ သိသေးတယ်။ သာမန်လူနဲ့ယှဉ်လိုက်ရင် ဘာပြဿနာမှကို မရှိဘူး။

Mr.Saw လည်း ကြံမိကြံရာ ပြန်ရုန်းကန်နေတယ်။ တကယ်တော့ လွှစက်ဆိုတာ အရမ်းအန္တရာယ်များတဲ့ ကိရိယာ။ အဲ့ဒါကြောင့် တိုက်ရင်းခိုက်ရင်းနဲ့ ကျွန်တော့ လက်အ‌ေနာက်ဘက်မှာ ပြတ်ရှရာတွေဖြစ်ကုန်တယ်။

ကံကောင်းလို့ အသားစပဲ ထိတာ။ ကျွန်တော် လွှစက်ကို ဆွဲယူပြီး ခလုတ်ကို ဖိလိုက်တယ်။

လွှစက်က သိပ်အလုပ်လုပ်ဘူး။ ပထမတကြိမ် ပိတ်တာမရဘူး။ အဲ့ဒါနဲ့ ကျွန်တော် ခလုတ်ကို ခပ်တင်းတင်း ဖိလိုက်တယ်။ ကျွန်တော့် လက်အနောက်ဘက်က ပြတ်ရှရာက သွေးတွေက ခလုတ်ပေါ်ကို စီးကျလာတယ်။ ဒီတကြိမ်တော့ လွှစက်က လွယ်လွယ်ကူကူပဲ ပိတ်သွားတယ်။ စက်သံလည်း ရပ်သွားတယ်။

ကျွန်တော် လွှစက်ကို အဝေးကို ကန်ထုတ်ပစ်လိုက်တယ်။ လွှစက်ကို ရှင်းပြီးသွား‌ေတာ့ Mr.Saw နဲ့ ‌ဖြေရှင်းရမယ့်အလှည့်။

သူ့ကိုယ်သူ ပြောခဲ့တာက သူ လူ့ခြေထောက်တွေ အများကြီးကို ဖြတ်ခဲ့တယ်တဲ့။ ဒါဆိုကျွန်တော်လုပ်ရမှာက ရဲခေါ်ဖို့ပဲ။

ဒါပေမယ့် ကျွန်တော် သူ့ကို ကြည့်လိုက်တော့ Mr.Saw က ကြမ်းပြင်ပေါ်လဲနေတယ်။ မျက်ဖြူလန်ပြီး လျှာက အပြင်ထွက်နေတယ်။

ကျွန်တော် သူ့ဆီ ပြေးသွားပြီး လှုပ်ကြည့်လိုက်တယ်။ ဒါပေမယ့် သူ့ကြည့်ရတာ ပိုဆိုးလာတယ်။ သူ့မျက်နှာက တီဗီဒရာမာကားထဲက အလောင်းကောင်လိုပဲ ဖြူရော်ပြီး သွေးမရှိဘူး။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now