အခန်း ( ၁၈ )

2.7K 677 17
                                    

နင်ထျန်းချဲ့ ကျွန်တော့်ဆီ လျှောက်လာတယ်။ သူ့မျက်နှာက ဟန်မ‌ဆောင်နိုင်လောက်အောင် ပင်ပန်းမှုအပြည့်နဲ့။

သူ ကျွန်တော် နေပြထားတဲ့ ကုတင်အောက်ခံပြားကို ကြည့်ပြီး မေးတယ်။

“အဲ့ဒါက မနေ့ညက ခင်ဗျားအိပ်ခဲ့တဲ့ အိပ်ရာလား။”

ကျွန်တော့်နှလုံးသားက အထိတ်အလန့်ဖြစ်တာကနေ သက်သာလာစပဲရှိသေးတယ်။ ကျွန်တော်လည်း ခေါင်းအသာညိတ်ပြပြီး နေရာဖယ်ပေးလိုက်တယ်။

“မင်း တညလုံး ပြေးလွှားခဲ့ရတာ ပင်ပန်းနေရောပေါ့။ ကုတင်အောက်ခံပြားပေါ် ထိုင်မလား။”

ကျွန်တော် ကုတင်အောက်ခံပြားကို ဆွဲယူပြီး ရှောင်နင့်ရှေ့ချပေးလိုက်တယ်။ နင်ထျန်းချဲ့က ငုံ့ကြည့်ပြီး သူ့ရဲ့ ပင်ပန်းမှုကြောင့် ဖြူလျော်လာတဲ့ နှုတ်ခမ်းကို လှုပ်လိုက်တယ်။ ပြီးတော့ အလေးအနက်ထားတဲ့အသံနဲ့ မေးတယ်။

“မနေ့ညက ကြုံခဲ့တာတွေ ကျွန်တော့်ကို ပြန်ပြောပြပါဦး။”

ကျွန်တော်လည်း ဘတ်စ်ပေါ်တက်တာကစလို့ မာ့စ်ဝါဒီစည်းမျဥ်းတွေ ရွတ်ပြီး အိပ်ပျော်သွားတာအထိ သူ့ကို အကုန်လုံးအသေးစိတ်ပြောပြလိုက်တယ်။ ကျွန်တော့်စိတ်တခုလုံး အချစ်တွေပြည့်နှက်ပြီး အိုင်ကျုထိုးကျသွားတာရဲ့ ရလဒ်ကတော့ မုဟွိုက်ထုန်ရဲ့ မိတ်ကပ်လိမ်းနည်းဆိုးပုံနဲ့ သူ့ရဲ့ယိုင်နဲ့နဲ့ခန္ဓာကိုယ်‌လေးရယ် အေးစက်နေတဲ့ ခြေလက်တွေအကြောင်း၊ ကားဆရာရဲ့ နားလည်မှုလွဲပြီး ထန်ရှောင်းမင်းကို ဂရုစိုက်ဖို့ ပြောတဲ့အကြောင်း၊ ထန်ရှောင်းမင်ရဲ့ အနိုင်ကျင့်တတ်တဲ့အဖေအကြောင်း အားလုံးကို မခြွင်းမချန် ပြောနေမိတာပဲ။

ကျွန်တော့်ကျောင်းသားတွေက သနားစရာကောင်းလို့ထင်တယ်။ နင်ထျန်းချဲ့ကျွန်တော်ပြောတာကို နားထေင်နေရင်းနဲ့ သူ့ရဲ့အမူအရာက  ကြည့်ရဆိုးသထက်ဆိုးလာတယ်။ နောက်ဆုံးမှာ သူ ကုတင်အောက်ခံပြားကို ကရုဏာသက်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ သူ ထန်ရှောင်းမင်အတွက် အရမ်းစိတ်မကောင်းဖြစ်သွားတာနေမယ်။

ကျွန်တော် ကုတင်အောက်ခံပြားကို စမ်းကြည့်တော့ အပေါ်ပိုင်းက ခြောက်နေလို့ တခြားဖက်ကို လှန်ပြီး အခြောက်ခံထားလိုက်တယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now