အခန်း ( ၁၇.၁ )

2.5K 664 21
                                    

ကျွန်တော် သူ့ကို ရှာလို့မတွေ့ဘဲ အတော်ကြီးကြာအောင် ပတ်ရှာကြည့်တယ်။ ပြီးတော့မှ အိပ်ရာထဲ ပြန်လှဲပြီး ဖုန်းကို ဇဝေဇဝါနဲ့ ကြည့်လိုက်တယ်။ ခုထိ လိုင်းတတုံးမှ မမိသေးဘူး။ နောက်ဆုံးဝင်တဲ့စာက ကားစီးပြန်လာနေပြီဆိုတဲ့ ရှောင်နင့်စာ။

သူ ရထားပေါ်ကနေ ကောက်ခါငင်ကာထဆင်းပြီး ပြန်လာလောက်တဲ့အထိ ဘယ်လိုအရေးပေါ်ကိစ္စတွေများ ပေါ်လာလို့လဲ။ သူ တခုခုများ ကျန်ခဲ့လို့လား။ ဒါဆိုလည်း သူ့ဆီ ပို့ပေးဖို့ ကျွန်တော့်ကို မေးလိုက်လို့မရဘူးလား။

ကျွန်တော် အိပ်ရာပေါ် လူးလှိမ့်ရင်း ရှောင်နင်နဲ့ ပြောထားတဲ့ စာတေွကို ခဏလောက် ပြန်ဖတ်ကြည့်ပြီးသွားတော့ ထန်ရှောင်းမင်ရဲ့အသံကို နောက်တခါ ကြားလိုက်ရတယ်။

ကျောချင်းကပ်ထားတာ သက်‌တောင့်သက်သာရှိလိုက်တာ။ ကျောချင်းကပ်ထားတာ နွေးပြီးဇိမ်ရှိလိုက်တာ။

ကျွန်တော် အိပ်ရာကနေ အမြန်ထမကြည့်တော့ဘူး။ အဲ့အစား အသံဘယ်ကလာလဲ သိရအောင် သေချာနားထောင်ကြည့်လိုက်တယ်။

ရင်ခွဲရုံက ကျယ်ဝန်းပြီး ဘာပစ္စည်းမှမရှိတော့ ပဲ့တင်သံတွေ ထွက်နေတယ်။ အသံက ကျွန်တော့်အောက်ကနေ လာတယ်ဆိုတာကို အချိန်အတော်ကြာမှ သဘောပေါက်တယ်။

ကျွန်တော် အိပ်ရာထဲကနေ ခုန်ထပြီး ကုတင်ခေါင်းရင်းမှာ တင်ထားတဲ့ မီးအိမ်ကို လှမ်းယူလိုက်တယ်။ မီးဖွင့် ဆောင့်ကြောင့်ထိုင်ပြီး ကုတင်အောက်ကို မီးနဲ့ ထိုးကြည့်လိုက်တယ်။ ထင်တဲ့အတိုင်းပဲ ကုတင်အောက်ခံပြားကနေ တွဲလောင်းဖြစ်နေတဲ့ ထန်ရှောင်းမင်က ကျွန်တော့်ကို ကြည့်နေတာကို တွေ့လိုက်ရတယ်။ မြေဆွဲအားကြောင့်ထင်တယ်  သူ့မျက်နှာတခုလုံး နီရဲပြီး မျက်လုံးတွေက ပြူးထွက်နေတယ်။ ကြည့်ရတာ နေရခက်နေတဲ့ပုံပဲ။

အဲ့လိုမျိုး ကိုယ့်ကိုယ်ကို ကြိုးနဲ့တုပ်ပြီး တွဲလောင်းကျနေတဲ့ လူ တခြားဘယ်သူကရော သက်တောင့်သက်သာရှိနေပါ့မလဲ။

ကျွန်တော် စိတ်အရမ်းတိုသွားလို့ ထန်ရှောင်းမင်ကို  ပြောလိုက်တယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now