အခန်း ( ၂၈ )

2.7K 597 71
                                    

နောက်နာရီဝက်လောက်နေတော့ ကျောင်းအုပ်ကျန်းဘက်က “စာရိုက်နေ”လို့ ပေါ်လာတယ်။ ဒါပေမယ့် စာပြန်မလာဘူး။ ဘယ်လိုတောင် မပြတ်သားတာလဲ။ ရိုက်လိုက် ဖျက်လိုက် နောက်ထပ်တခါ အကြာကြီးစာရိုက်လိုက်လုပ်နေတာလား။

“နှစ်တန်းတည်းသင်ပြီး စာမေးပွဲစစ်တာ နည်းနည်းလေးတော့.....”

နင်ထျန်းချဲ့ရဲ့အသံက နည်းနည်းလေး မလုပ်ချင်တဲ့လေသံ ပေါက်နေတယ်။

“ငါ ငယ်ငယ်တုန်းကဆို စာမေးပွဲတွေကို တအားမုန်းခဲ့တာ။”

ကျွန်တော် အရင်ကအကြောင်းအရာတွေကို ပြန်သတိရသွားတယ်။

“ဒါပေမယ့် စာမေးပွဲတွေ ဖြေလိုက်မှ ဗဟုသုတကြွယ်လာတာကိုတော့ ဝန်ခံရမယ်။ သင်ယူချင်တယ်ဆိုရင် စိတ်ဝင်စားနေရုံနဲ့ မလုံလောက်ဘူး။ ငါတို့ကျောင်းသားတွေက မတူညီတဲ့ စရိုက်လက္ခဏာတွေ ရှိကြတယ်။ သူတို့အားလုံးက လူ့ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်နေတဲ့ ထူးခြားတဲ့ ကျောင်းသားတွေ။ သူတို့မှာ အသိဉာဏ်ပိုင်းနဲ့ပတ်သက်ပြီး ပြဿနာရှိနေကြတာ။ ငါ သူတို့တယောက်ချင်းစီရဲ့ လူမှုရေးပိုင်းအသိဉာဏ်နဲ့ ဥပဒေပိုင်းအသိဉာဏ်အဆင့်တွေကို စမ်းသပ်ဖို့ ဉာဏ်စမ်းတွေ ပေးမလို့ စီစဥ်နေတယ်။ ပြီးမှပဲ စာသင်တဲ့အပိုင်းကို အာရုံစိုက်တော့မယ်။”

နင်ထျန်းချဲ့က ကျွန်တော် ကော်ဖီစားပွဲပေါ် ချထားတဲ့ ရေခွက်ကို ယူပြိး တငုံသောက်လိုက်တယ်။ ပြီးမှ ဖြေးဖြေးချင်းပြောတယ်။

“နောက်အတန်းကျ ကျွန်တော့်ကို ခင်‌ဗျားနဲ့အတူသွားဖို့ သေချာပေါက် သတိပေးပါဦး။ ကျောင်းသားတွေရဲ့အဖြေတွေကို ကျွန်တော်မြင်ချင်လို့။”

သူ့ရဲ့ အသံက မရယ်မိ‌အောင် ကြိုးစားရင်း ပြုံးနေပုံရတယ်။ ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်တော့ ရှောင်နင့်အမူအရာက ခပ်တည်တည်ပဲ။ သူ လုံးဝ ပြုံးနေပုံမရဘူး။

ကျွန်တော် နားကြားမှားတာဖြစ်မယ်။

ကျောင်းအုပ်ကျန်းဆီက ပြန်စာမရသေးဘဲ ကျွန်တော် အကြာကြီးစောင့်နေသေးတယ်။  Wechat မှာ ကျွန်တော် မဖတ်ရသေးတဲ့ တခြားစာတစောင်ကို မြင်လိုက်လို့ ဖွင့်ကြည့်လိုက်တော့ ရှားကျင်းပို့ထားတာ။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now