အခန်း ( ၁၄.၁ )

2.7K 629 5
                                    

အဲ့‌နောက်ပိုင်း ကျွန်တော့်ရဲ့ ဒဏ်ရာရနေတဲ့ ခံစားချက်တွေကို ဖြေ‌ေဖျာက်ဖို့ ရှားကျင်းက တလလောက် ညတိုင်း ကျွန်တော်နဲ့ အတူသောက်ပေးတယ်။ တက္ကသိုလ်မှာကတည်းက မွဲနေတော့ အဲ့အချိန်က အရက်ဖြူတအိတ်နှစ်ယွမ်တန် ဝယ်တိုက်တဲ့သူက ရှားကျင်းပဲ။ အဲ့အရက်က အရသာအရမ်းဆိုးတယ်။ အ၀င်လည်းဆိုးပြီး သောက်ပြီး နောက်တရက်ဆို ခေါင်းအရမ်းကိုက်တယ်။ ဒီညီအစ်ကိုရင်းချာလိုခံစားချက်မျိုးကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။

ကျွန်တော် 404 ကို ပြန်တဲ့ လမ်းတလျှောက်လုံး ဘာစကားမှ မပြောခဲ့ဘူး။ မနက်တစ်နာရီကျော်နေပြီ။ နောက်ည ကျွန်တော် အတန်းသွားသင်ရမှာ။ အိပ်ရာမဝင်ခင် ကျွန်တော့်ဆဲလ်ဖုန်းကို ယူလိုက်တယ်။ ‌ကျေုာင်းအုပ်ကျန်းက သင်ခန်းစာအကြောင်းအရာနဲ့ လိပ်စာ ပို့ထားတယ်။

တနင်္လာနေ့ ညသန်းခေါင်၊ မြို့လေးရုံမြောက်‌ဆေးရုံရဲ့ နေရာဟောင်း လေးထပ်မြောက်က စုဝေးခန်း။ အတန်းက နှစ်နာရီကြာမယ်။ သင်ခန်းစာအကြောင်းအရာက အတွေးအခေါ်နဲ့ ကိုယ့်ကျင့်တရား ပြုစုပျိုးထောင်ခြင်း။ ‌ကျောင်းကားက မင်းကို အကြို့အပို့လုပ်ပေးလိမ့်မယ်။

ဒီတခါကျ ပရဟိတအလယ်တန်းကျောင်း မဟုတ်တော့ဘူး။

အိပ်ရာထဲ လှဲရင်း လေးခုမြောက်ဆေးရုံရဲ့ လိပ်စာကို ရှာကြည့်လိုက်တယ်။ ကျွန်တော်ရှာတွေ့တဲ့ အချက်အလက်က လန့်ချင်စရာပဲ။

လေးခုမြောက်‌ဆေးရုံက သရဲခြောက်တယ်ဆိုတဲ့ ကောလဟာလတွေကြောင့် နေရာရွှေ့ဖို့ ဖိအားပေးခံရတာ။ နေရာဟောင်းကို ခုထိရောင်းမထွက်သေးဘူး။ စုံစမ်းဖို့ လာတဲ့ စီမံကိန်းဆွဲသူတွေအားလုံး ရုတ်တရက် ဆုံးပါးကုန်ကြတာ။ သတင်းအချက်အလက်တွေ အားလုံးကလည်း ဒါမျိုးချည်းပဲ။ ကျောင်းအုပ်ကျန်းက နေရာဘယ်လိုရွေးရမလဲဆိုတာ တကယ် နားလည်တာပဲ။

ကျွန်‌တော် ပဟေဠိဖြစ်‌ေနတာ။ ကျောင်းအုပ်ကျန်းက ဒီထူးခြားတဲ့ လူတွေကို ကူညီချင်တာ ဘာလို့ အတန်းအတွက်ကျ နေရာအတည်တကျမရှာတာလဲ။

ကျွန်တော့်သံသယတွေကို wechat မှာ အသံဖိုင်ပြောင်းပို့လိုက်တယ်။ ခဏနေတော့ ကျောင်းအုပ်ကျန်းဆီကနေ စာပြန်လာတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now