အခန်း ( ၁၀ )

2.8K 652 6
                                    

“မဟုတ်သေးဘူး။ ခဏနေဦး”

ရှားကျင်းက သူအကြောက်ပြေသွားတဲ့အခါ ရုတ်တရက် ထပြောတယ်။

“မင်း ခုအိမ်သာခွက်ထဲကနေ ဘယ်လိုထွက်လာတာလဲ။”

လီယွမ်ယွမ်က ကျွန်တော်နဲ့အတူ အမျိုးသမီးအိမ်သာထဲကနေ ထွက်သွားတော့မလို့ပဲ။ သူ ရှားကျင်းရဲ့ စကားကိုကြားတော့ ချက်ချင်းပဲ အိမ်သာနောက်ဆုံးခန်းကို အမြန်ပြေးပြီး သူ့ခေါင်းကို အိမ်သာခွက်ထဲ ခေါင်းစိုက်ဖို့ ပြင်လိုက်တယ်။

ကျွန်တော် သူ့ကို အမြန်လှမ်းဆွဲပြီး ရှားကျင်းကို ပြောလိုက်တယ်။

‘မင်းအမြင်မှားတာ။ အဲ့အကြောင်းနဲ့ သူများတေွကို စိတ်အနှောင့်အယှက်ပေးတာ တော်လိုက်တော့”

ရှားကျင်းက သူ့ရဲ့ ကျိုးတိုးကျဲတဲဆံပင်ကိုဆွဲပြီး ဇဝေဇဝါဖြစ်သွားတယ်။

“ထူးဆန်းတယ်။ ငါ ရှင်းရှင်းလင်းလင်းမြင်.....”

ရှားကျင်းက လီယွမ်ယွမ် အမျိုးသမီးအိမ်သာကို မက်မက်မောမော ကြည့်နေတာကို မြင်ပြီး သူ့ခေါင်းကို ယမ်းလိုက်တယ်။

“ထားလိုက်တော့။ ငါအမြင်မှားတယ်ပဲ ပြောကြတာပေါ့။ သူ့ကို အိမ်ခေါ်သွားပြီး သေချာစောင့်ကြည့်ထား။ နေရာတကာ လျှောက်သွားပြီး လူတွေကို ခြောက်လှန့်နေလို့မရဘူးလေ။”

“ဟုတ်တာပေါ့”  ကျွန်တော် လီယွမ်ယွမ်ရဲ့ နဝေတိမ်တောင်ဖြစ်နေတဲ့ အမူအရာကို ကြည့်လိုက်တယ်။သူ့ကို ဘယ်လိုနားလည်ရမလဲ ကျွန်တော်မသိတော့ဘူး။ ကြည့်ရတာ လျိုစစ်ရွှင်က လီယွမ်ယွမ်က သူ့ကို ကောင်းကောင်းနားလည်ပုံပဲ။ ကျွန်တော်တို့ ပြန်ရောက်ရင် ဆရာလျိုကို သူနဲ့ ကြိုးစားပြီး စကားပြောကြည့်ခိုင်းရမယ်။

ကျွန်တော်တို့သုံးယောက် တယောက်ပြီးတယောက် ဓာတ်လှေကားနားကို သွားလိုက်တယ်။ မောလ်က ရှင်းလင်းနေတယ်။ ဓာတ်လှေကားက မကြာခင်ပဲ လေးထပ်ကို တက်သွားတယ်။ ရှားကျင်းက ကျွန်တော်တို့ကို ပြောတယ်။

“မင်းတို့ကို ကားနဲ့ ပြန်ပို့ပေးမယ်။”

အဲ့ဒီနောက် သူ လီယွမ်ယွမ်ကို စိုက်ကြည့်ပြီး ပြောတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now