အခန်း ( ၁၈.၂ )

2.5K 638 25
                                    

စာကျန်သွားလို့ ပြန်ဖျက်ပြီး ပြန်တင်လိုက်တယ်နော် sorry :(

ဒါဆိုလည်း ကောင်းပြီလေ။ ကျွန်တော့်စာအုပ်စင်ကို လှန်လှောရှာလိုက်တော့ လေးငါးမျက်နှာရေးထားပြီးသား စာအုပ်တအုပ်သွားတွေ့တယ်။ စာရွက်တွေကို ဆုတ်ပြီး ပထမဆုံးစာမျက်နှာမှာ ချရေးလိုက်တယ်။

ရှောင်နင်၏အထူးအသုံးပြုမှုအတွက်။ ပြီးတော့ ဘေးမှာ အသဲပုံလေးတခု ဆွဲလိုက်တယ်။

ဒါကအရမ်းသိသာလို့ ရှောင်နင် ကျွန်တော့်ကို ဓာတ်လှေကားထဲမှာ လာကိုင်တာကို တွက်ရင် သူ ကျွန်တော့်ရည်ရွယ်ချက်တွေကို ရိပ်စားမိလောက်မှာပါ။

နင်ထျန်းချဲ့က ကျွန်တော် စာအုပ်လဲပြီးသွားတာကိုမြင်တော့ ဆက်ပြောတယ်။

"ကျွန်တော်က မောင်ရှန်းဂိုဏ်းရဲ့ တပည့်ခေါင်းဆောင်။ အနာဂတ်မှာ မောင်ရှန်းဂိုဏ်းကို ဆက်ခံဖို့ လျာထားတဲ့သူ။ ကျွန်တော့်ဆရာနဲ့ အကြီးတွေက ကျွန်တော့်ကို အနာဂတ်ဂိုဏ်းခေါင်းဆောင်အနေနဲ့ လေးစားကြတယ်။ ကျွန်တော် လေ့ကျင့်မှုကို ပြီးဆုံးအောင်လုပ်ဖို တောင်ကနေ ထွက်လာခဲ့တာ။ ဆရာပေးတဲ့ တာ၀န် ပြီးမြောက်ရင်တော့ ကျွန်တော်က မကောင်းဆိုးဝါးတွေကို တိုက်ထုတ်ပြီး တရားမျှတမှုကို ကာကွယ်‌ပေးတဲ့ စစ်မှန်တဲ့ လမ်း‌ကြောင်းပေါ်က  တရား၀င် နတ်ဆရာတယောက်ဖြစ်လာမှာ။

"ဟေး မင်း မောင်ရှန်းဂိုဏ်းကို ဆက်ခံရင်ရော လက်ထပ်လို့ရလား။"

သူတို့ဂိုဏ်းက ဗုဒ္ဓဘာသာလိုမျိုး အမျိုးသမီးတွေနဲ့ နီးစပ်တာကို ခွင့်မပြုထားရင် ဘယ်လိုလုပ်မလဲ။ မဟုတ်သေးဘူး ကျွန်တော်က မိန်းမမှ မဟုတ်တာ။ သူ လက်ထပ်လို့မရရင်တောင် ဂေးကိစ္စလေးတွေတော့ လုပ်လို့ရလောက်မှာပါ။

"ကျွန်တော်တို့ရဲ့ ကျင့်ကြံမှု မခိုင်မာသေးသရွေ့ ယန်စွမ်းအင် မျှဝေတာကို တားမြစ်ထားတယ်။ ကျွန်တော်တို့က နေ့စဉ်နေ့တိုင်း ယန်စွမ်းအင်ကို  မကောင်းဆိုးဝါးဝိဉာဉ်တွေဆီကနေ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ လိုအပ်တယ်လေ။" နင်ထျန်းချဲ့ကပြောတယ်။ "ဒါပေမယ့် ကျွန်တော်တို့ လုံး၀ကျွမ်းကျင်သွားရင်တော့ မိန်းမရောကလေးပါ ယူလို့ရတယ်။ တကယ်တော့ ကျွန်တော်ကလည်း လက်ရှိ ဂိုဏ်းခေါင်းဆောင်ရဲ့ သားပဲ။"

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now