အခန်း ( ၅.၂ )

3.5K 815 185
                                    

လျိုစစ်ရွှင်က ကျွန်တော့်ရဲ့ ဟိတ်နဲ့ ဟန်နဲ့ အမူအရာကို ကြည့်ပြီး ကြောက်သွားတာဖြစ်ရမယ်။ သူ‌နောက်ပြန်ဆုတ်လိုက်တယ်။ ကျွန်တော့်လည်း သူ့နားကို လိုက်ကပ်သွားပြီး သူကျွန်တော့်ကို ခုလေးတင်လုပ်သလို သူ့အပေါ်ကို ပြန်ဖိထားလိုက်တယ်။ ဒိတကြိမ်တော့ နံရံကို ကျောနဲ့ ကပ်ထားရတာ  လျိုစစ်ရွှင်ဖြစ်သွားပြီ။

ကျွန်တော် နံရံကို ထုပြီး အော်ထည့်လိုက်တယ်။

“ပြော။ ဒီအမျိုးသမီးကို ခင်ဗျား အနိုင်ကျင့်နေတာလား။”

“မ မဟုတ်ပါဘူး။”  လျိုစစ်ရွှင်ရဲ့ လက်တွေ သူ့ဘာသာ တုန်လာတယ်။ ပြီးတော့ သူ့ခြေထောက်တွေက စပြီးခွေညွတ်ကျလာတယ်။ဟိန်းဟောက်တာတွေအားလုံး သူ့ဆီကနေ ထွက်သွားကုန်ကြပြီ။

“ပြီးတော့ သူက ဘာလို့ သူများအိမ်တွေမှာ အလကားနေနေတာလဲ၊ ဘာလို့ အရိုက်ခံနေရတာလဲ။”

“သူ သူက ညဘက်ဆို လူစိမ်းအိမ်တွေကို ခိုးဝင်တာ။ လူတွေ သိသွားတာနဲ့ သူ့ကို ကန်ုထုတ်လိုက်ကြတာ။”

လျိုစစ်ရွှင် သူ့ခေါင်းကို လက်မောင်းနဲ့ အုပ်ပြီး ထိုင်ချလိုက်တယ်။

“မင်း မင်းရဲ့ အနာက ပွင့်နေတယ်။ ငါ့နား မလာ မလာနဲ့။”

ညဘက် လူစိမ်းတွေအိမ်ကနေ ကန်ထုတ်ခံရတယ်။ သူက သူခိုးလား ကျူကျော်နေတဲ့သူလား။  ငါ အလုပ်တွဲလုပ်နေတဲ့ ဒီလူတေွက ဘယ်လိုလူတွေတုန်းဟ။

ကျွန်တော် လျိုစစ်ရွှင်ကို ဆွဲမလိုက်တယ်။

“သူ့ကို ဆက်သွယ်လိုက်။ အခန်း404 ကို ပြောင်းလာပြီး ဥပဒေမဲ့ကိစ္စတွေ ထပ်မလုပ်တော့ဖို့ ပြောလိုက်။  ကျွန်တော့်ရဲ့ ကိုယ်ကျင့်သိက္ခာကို အာမခံနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို အ‌နှောင့်အယှက်ပေးမှာ မဟုတ်ဘူး။ သူ ဥပဒေကိုလိုက်နာသရွေ့ သူ့ကို ဘယ်သူကမှ နာကျင်အောင်လုပ်ခွင့် ထပ်မပေးနိုင်ဘူး။”

“ငါ ငါ  သူနဲ့ ဆက်သွယ်လိုက်ပါမယ်။ ငါ့ကို မထိပါနဲ့။”

လျိုစစ်ရွှင် စူးစူးဝါးဝါး အော်လိုက်တယ်။

သူက တကယ်ကို စက္ကူကျားလေးပဲ။ အပြင်ပန်းသာ ကြောက်စရာကောင်းတာ အတွင်းထဲက နုနယ်လိုက်တာ။ သူပဲ ခုနက ခြိမ်းခြောက်နေပြီးတော့။ ဒါပေမယ့် ကျွန်တော် နံရံကို လက်သီးနဲ့ ထုလိုက်တာနဲ့ သူ ငကြောက်လေးဖြစ်သွားတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now