အခန်း ( ၂၁.၁ )

2.9K 621 32
                                    

“တကယ်ကလေ ဆရာလျို ကျွန်တော် ပြောချင်နေတာ ဒီစာအုပ်က အရမ်းကို တန်ဖိုးရှိတယ်။ စာရွက်တိုင်းက ရှေးဟောင်းပစ္စည်းဓာတ်အပြည့်ပဲ။ ကျွန်တော့်လို လူက ဒီတိုင်းသုံးနေရင် ပျက်စီးသွားဖို့ အရမ်းလွယ်တယ်။ အဲ့ဒါကြောင့် ကျွန်တော် ပြန်ပေးမယ်ဆိုရင်ရော ။” ကျွန်တော် မဝံ့မရဲ မေးလိုက်တယ်။

“ဒါပေါ့ ပြဿနာမရှိပါဘူး။” ဆရာလျိုက စာအုပ်ကို သူ့လက်ထဲ အမြန်ဆွဲယူလိုက်တယ်။
“တကယ်တော့ စာအုပ်ကို ပြန်ပြီး ပြုပြင်ထိန်းသိမ်းဖို့လိုနေတာ။ အဲ့ဒါကြောင့် ငါ ညလယ်ကြီး ဒီမှာ ရောက်နေတာ။”

“ကျွန်တော် ဒီနေ့ သန့်စင်ဆေးနဲ့ သုတ်ပြီးသွားပြီ ပြီးတော့ နေထဲ စာအုပ်ကို မှောက်ထားခဲ့တာ။ အတွင်းထဲက စာရွက်တွေက သက်တမ်းကြာ‌နေ
တော့ နေရောင်ထိလို့မရဘူးလေ။ ဒါပေမယ့် သားရေဖုံးကို ဆီသုတ်ပြီးသွား‌တော့ ခဏတဖြုတ် နေပြထားတာ။”

“မင်း မင်း မင်း‌ အေးပါ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါလုပ်စရာလေးတွေ ရှိနေသေးတယ်”

သူ‌ မျက်ရည်ကျမတတ် စိတ်လှုပ်ရှားသွားတာကို မြင်တော့ ကျွန်တော် ဝမ်းသာသွားတယ်။ ငါကွ ရှန်းကျန်းကော် အရမ်းကို နားလည်မှုရှိတဲ့ ဆရာပဲ။ နောင်ကျရင် ကျွန်တော်က ပိုလို့တောင် လူမှုရေးသိတတ်တဲ့ လူတယောက် ဖြစ်လာဦးမှာ။

ကျွန်တော် ရေသောက်ဖို့ ထလိုက်တော့ ဆရာလျိုက သူ့စာအုပ်ကို ဖြန့်ပြီး အဖုံးပေါ်ကို အလှဆီဘူးလို့ရေးထားတဲ့ဘူးထဲက ဆီနဲ့ သေချာသုတ်နေတယ်။ ဆရာလျိုက ချွေတာစိစစ်တဲ့သူထင်တယ်။ အလှဆီဘူးခွံကို လွှင့်မပစ်ဘဲ ဆီဖြည့်သုံးတယ်။

“ရှောင်မင် ပြန်လာပြီလား။”

ကျွန်တော် ရေသောက်ရင်း ဆရာလျို့ကို မေးလိုက်တယ်။

“သူ ထွက်သွားပြီ။” ဆရာလျို သက်ပြင်းချလိုက်တယ်။ “ ငါ သူ့ကို မနေ့ညက နားချလိုက်တော့ နားလည်သွားပြီး ကုသမှုခံယူဖို့ လက်ခံလိုက်တယ်။ ကုသမှု ပြီးသွားရင် သူ ပုံမှန်ကျောင်းတကျောင်းမှာ တက်တော့မှာ။”

“ကုန်ကျစရိတ်ကရော။” ထန်ရှောင်းမင်းအမေက အိမ်ကနေ ထွက်သွားပြီး သူ့အဖေကနှလုံးပြဿနာကြောင့် ဆုံးသွားတာကို ကျွန်တော် သတိရလိုက်တယ်။ သူ့မှာ တခြားဆွေမျိုးညာတိလည်း ရှိပုံမရဘူး။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now