အခန်း ( ၄.၂ )

3.6K 806 77
                                    

အခု သူက အထူးကုသမှုနဲ့ ကုသခံနေရပြီ။ သူ့စိတ်ပိုင်းဆိုင်ရာအရိပ်မည်းကြီးကို ကျော်ပြီးအကောင်းမြင်တတ်တဲ့ စိတ်နဲ့ ဘဝကို ရင်ဆိုင်နိုင်ပါစေလို့ ကျွန်တော်မျှော်လင့်တယ်။

ကျောင်းအုပ်ကျန်း ကျွန်တော့်ကို အတန်းအချိန်စာရင်းနဲ့ သင်ရိုးပို့ပေးပါဦး။ ပြင်ဆင်ဖို့ အချိန်လိုချင်လို့ပါ။

မနက်ဖြန် ညသန်းခေါင်။ ပရဟိတ အလယ်တန်းကျောင်း၊ တတိယနှစ် လေးခန်းမြောက်အခန်း။ မင်းကြိုက်တာသင်။

"....."

ဒီတကြိမ်က ကျွန်တော့်မျှော်လင့်ထားတာနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ နိုင်ငံတကာက ပါတနာတွေနဲ့ ချိတ်ဆက်ဖို့ လိုတဲ့ နိုင်ငံတကာလုပ်ငန်းလည်း မဟုတ်ဘူး။ ဘာလို့ အတန်းတွေက ညဘက်လဲ။ ပြီးတော့ ပရဟိတအလယ်တန်းကျောင်းကို အရင်သုံးနှစ်က ပိတ်လိုက်တာမဟုတ်ဘူးလား။ ကျောင်းသားတယောက် အဆောက်အဦးပေါ်ကနေ ခုန်ချသွားခဲ့တာ။ ကျောင်းသားအများစုကကျောင်းတွေ ပြောင်းသွားကြတာ။ တကြိမ်တခါက ကျောင်းအပ်နှုန်းမြင့်တဲ့ ပုဂ္ဂလိကကျောင်းက ဆက်မဖွင့်နိုင်ခဲ့ဘူး။ အပြီးပိတ်လိုက်ရတယ်။ ဘယ်လိုလုပ် အဲ့မှာ အတန်းတွေ ရှိမှာလဲ။ ဒါပေမယ့် ကျောင်းအ‌ဆောက်အဦးတွေကတော့ ရှိနေသေးတယ်။ ငှားတာဆိုရင်တော့ ဖြစ်နိုင်တယ်။
ပထမနှစ်ချက်ကိုအသာထားလိုက်ဦး။ သင်ကြားရေးပိုင်းကို ကျွန်တော်ကြိုက်ရာသင်ဆိုတဲ့ နောက်ဆုံးတချက် ကျန်နေသေးတယ်။ ဘာကို ပြောချင်တာလဲ။ သင်တန်းကျောင်းမှာ ခင်ဗျားတို့ ဘာသင်လဲဆိုတာတောင် မသိဘူးလား။

ကျောင်းအုပ်ကျန်းဆီကနေ စာနှစ်စောင်ဆက်တိုက်ဝင်လာတုန်းက ကျွန်တော် သူနဲ့ ဒီအကြောင်းဆွေးနွေးတော့မလို့ပဲ။

ငါ အိပ်တော့မယ်။ Good night

ပြိးတော့လည်း သူ့စာတွေကို ကျွန်တော် စခရင်‌ရှော့မယူချင်စေတဲ့ ပုံနဲ့ တခုပြီးတခု ပြန်ဖျက်သွားတယ်။ ဆေးရုံတင်ထားတယ်ကနေစပြီး အိပ်တော့မယ်ထိ အကုန်ပြန်ဖျက်သွားတယ်။ Good night တခုပဲ ဒီတိုင်းကျန်တယ်။

ကျွန်တော်တို့ ပြောနေတာ နှစ်မိနစ်လောက် ကြာနေပြီမဟုတ်ဘူးလား။ သူက ပထမဆုံးစာကိုတောင် ပြန်ဖျက်နိုင်တယ်။ ဘယ်လိုကလိမ်ကကျစ်နည်းပညာမျိုးပါလိမ့်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now