အခန်း ( ၁ )

10.3K 1K 29
                                    


ကျွန်တော့်နာမည်က ရှန်ကျန်းကော်ပါ။ အသက်က နှစ်ဆယ့်ခြောက်နှစ်။ ဒီနှစ်ထဲ ဘွဲ့ရထားပြီး လတ်တလောတော့ အလုပ်ရှာနေတာပါ။ အရင်နှစ်တွေတုန်းက ကျွန်တော့်ရဲ့ Home page မှာ ကျွန်တော့်ပညာရေးနယ်ပယ်နဲ့ပတ်သက်ပြီး အချက်အလက်တချို့နဲ့ ဓမ္မဓိဌာန်ကျတဲ့ ရှုထောင့်တွေကို မျှဝေခဲ့သေးတယ်။ ဟုတ်ပါတယ်။ ဖတ်တဲ့သူ မရှိဘူးဗျ။ ကျွန်တော်ကျောင်းပြီးသွားတာနဲ့ အလုပ်ရှာနေရင်း ခက်ခဲတဲ့ ကာလနဲ့ ကြုံနေရတယ်။ ကျွန်တော့်ထက်အကြီးတွေကတော့ ဒီကာလက အရမ်းခက်ခဲတဲ့ကာလပါပဲတဲ့။ ကျောင်းပြီးတော့မယ့် ကျောင်းသား‌တွေနဲ့ အလုပ်ရှာရင်း အခက်အခဲတွေ ရင်ဆိုင်နေရတဲ့သူတွေကို မဖြစ်စလောက်အကူအညီတချို့နဲ့ ဉာဏ်အလင်း ပေးချင်တဲ့ မျှော်လင့်ချက်နဲ့ ဒီနေ့ကစပြီး ဒီကာလအတွင်း ကျွန်တော့်ရဲ့အတွေ့အကြုံနဲ့ လေ့လာချက်တွေကို Home page မှာ မှတ်တမ်းတင်သွားပါမယ်။

ကျွန်တော့်ပညာရေးနယ်ပယ်က အတွေးအခေါ်နဲ့နိုင်ငံရေးဆိုင်ရာ ပညာရပ်ဗျ။ တခြားလူကြိုက်များတဲ့ ပညာရေးနယ်ပယ်အချို့လောက် အလုပ်ကိုင်အခွင့်အလမ်းလည်း မကောင်းလှဘူး။ ကျွန်တော် ဘွဲ့မရခင်က အလုပ်ရဖို့ ကြိုးစားခဲ့သေးတယ်။ ကျွန်တော် ဖောင်တွေလည်း တင်တယ်ဗျာ။ အများစုက ပင်လယ်ထဲ မြှုပ်သွားတဲ့ ကျောက်ခဲတွေလိုပဲ။ ယေဘုယျအားဖြင့် ကုမ္ပဏီကြီးတွေကပဲ ပါတီနဲ့ အစိုးရအလုပ်အတွက် ၀န်ထမ်းတွေကို ရှာဖွေကြတာ။ဒါပေမယ့် အဲ့ဒီအချိန်တုန်းက သူတို့ဆီကပြန်ရတဲ့တုံ့ပြန်မှုက အနိမ့်ဆုံးသတ်မှတ်ချက်က ဘွဲ့ရရမယ်ဆိုတာပဲ။

အဲ့ဒါကြောင့် ကျွန်တော် ဘွဲ့ရဖို့ စာမေးပွဲတွေ ဖြေမှဖြစ်မယ်ဆိုတာရယ် အလုပ်ရဖို့ ပိုအောင်မြင်ဖို့ဆို ကိုယ့်ကိုယ်ကို အသိဉာဏ်ပညာနဲ့ပြည့်စုံမှဖြစ်မယ်လို့  ဆုံးဖြတ်ချက်ချခဲ့တယ်။

ဘွဲ့ရတဲ့ပထမနှစ်၀က်အတွင်း နိုင်ငံလုံးဆိုင်ရာ၀န်ထမ်းစာမေးပွဲ၊ ပြည့်သူ့အဖွဲ့အစည်းစာမေးပွဲ၊ဆရာများရဲ့စာမေးပွဲနဲ့ တခြားဒီလိုမျိုးစာမေးပွဲတွေ ဖြေခဲ့တယ်။ ကံဆိုးတာက ကျွန်တော်ပြင်ဆင်တာ လိုသွားတယ်။ စီမံခန့်ခွဲမှုစွမ်းရည်စာမေးပွဲမှာ အမှတ်အများကြီးလျော့သွားတယ်။ ရေးဖြေလည်း မအောင်ခဲ့ဘူး။စီမံခန့်ခွဲမှုစွမ်းရည်စာမေးပွဲမှာ ကိန်းဂဏန်းအတွက်အချက်၊အသေးစိတ်ယုတ္တိကျကျသရုပ်ခွဲမှု၊ ပြီးတော့ အကွာအဝေးဆင်ခြင်သုံးသပ်ခြင်းနဲ့ အမြန်ဖြည့်စွက်ခြင်း စတာတွေကို စိတ်ရှုပ်လောက်အောင် ဖြေခဲ့ရတယ်။ တနည်းဆိုရရင် ကျွန်တော့်စွမ်းရည်က ဒီနယ်ပယ်တွေမှာ မပြည့်၀ဘူးပေါ့ဗျာ။အဲ့ဒါကြောင့်  ဒီနှစ် အခွင့်အရေးနဲ့ လွဲသွားခဲ့တယ်။ နောက်နှစ်ပြန်မဖြေခင် ကျွန်တော့်အားနည်းချက်တွေကို ကျော်လွှားနိုင်ဖို့ ဒီစွမ်းရည်တွေကို သေချာပေါက်ကို လေ့ကျင့်မှာပါ။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now