အခန်း ( ၉ )

3.2K 647 8
                                    

ညလယ်ခေါင်ကြီး ဆယ်ကီလိုမီတာ နင်းရတာ တော်တော်လေး ပင်ပန်းတယ်။ ကျွန်တော် ဆယ်နာရီထိ အိပ်ပျော်သွားတယ်။ ကျွန်တော် ဖုန်းကို စစ်ကြည့်တော့ ကျောင်းအုပ်ကျန်းဆီ စာတစောင်နဲ့  ကျွန်တော့်ကောလိပ်အခန်းဖော်ဆီက မစ်ကောတခုကို တွေ့တယ်။

ကျောင်းအုပ်ကျန်းရဲ့ စာက

မင်းရဲ့ နောက်အတန်းက ဒီနေ့ကနေစပြီး‌ နောက်သုံးရက် ညဆယ့်နှစ်နာရီ။ သင်တန်းအကြောင်းအရာနဲ့ နေရာကို တရက်ကြိုပို့ပေးမယ်။ ဒီရက်တွေကို အတန်းအတွက်ပြင်ဆင်လိုက်ပါ။ လစာတွေကနေ ဖြတ်မှာမဟုတ်ဘူး။ ထပ်‌ေပါင်းပြောရရင် မနေ့က မင်းအဝတ်အစားတွေ ပျက်စီးသွားတယ်လို့ ကြားတယ်။ မင်းအတွက် ဒီလကုန်နဲ့ နောက်လတွေတိုင်းမှာ ကုန်ကျစရိတ်ငွေ ပြန်ပေးမယ်။

စာက ကျွန်တော့်မေးခွန်းတွေ အားလုံးကို ဖြေပေးသွားတယ်။ စာအကြောင်း အချိန်အကြာကြီး စဥ်းစားပြီးတော့ ကျွန်တော် အိုကေ တလုံး ပြန်ပို့လိုက်တယ်။

သင်တန်းကျောင်းက ပုံမှန်မဟုတ်ဘူး။ အတန်းချိန်တွေကလည်း လူမဆန်ဘူး။ ကျောင်းသားတွေကလည်း မဖော်ရွေဘူး။ အလုပ်တူတူလုပ်တဲ့သူတွေကလည်း လွှစက်နဲ့ ဆော့ပြီး ‌ရေချိုးခန်းထဲ အိပ်တယ်။ အဲ့ဒါတွေတခုမှ ပြဿနာမဟုတ်ဘူး။ အရေးကြီးတဲ့ အချက်တွေက သင်တန်းချိန်တွေက တိုတယ်။ လစာက မြင့်တယ်။ အခန်းငှားပေးတာတောင် ပါသေးတယ်။ ပြီးတော့ ပုံမှန်ဆင်းစရာလည်း မလိုဘူး။

တကယ်လို့ ကျွန်တော်က ည ဆယ့်နှစ်နာရီကနေ မနက်နှစ်နာရီထိ စာပုံမှန်သင်ရင် နေ့ဘက်ဆို ကျွန်တော် အချိန်ပိုင်းလုပ်လို့ရတယ်။

ကျောင်းအုပ်ကျန်းက ကြင်နာပြီး ထောက်ထားညှာတာပေးတတ်တဲ့ အမျိုးသမီးတယောက်ပဲ။ သူနိုင်ငံခြားရောက်နေတာ စိတ်မကောင်းစရာပဲ။ ‌နောင်ကျ သူ တရုတ်ပြည်ကို ပြန်လာရင် ထမင်းတနပ်‌လောက် ဖိတ်ကွေျးပြီး ကျွန်တော့်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ကြောင်းပြောရမယ်။

ကျွန်တော် ကျောင်းအုပ်ကျန်းကို စာပြန်ပြီးတော့ ကျွန်တော့်ကောလိပ်အခန်းဖော်ကို ဖုန်းပြန်ခေါ်လိုက်တယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now