အခန်း ( ၇.၁ )

3.1K 778 97
                                    

ညလယ်ခေါင်၊ စွန့်ပစ်ထားတဲ့ ‌ကျောင်း၊  မှောင်မဲနေတဲ့ ကော်ရစ်ဒါ၊ ပြီးတော့ ထောင့်မှာက အနီရောင်ဂါဝန်တထည်။ တကယ်ကို သရဲပုံပြင်တပုဒ်နဲ့ တူတယ်။ ကြောက်တတ်တဲ့သူသာဆို တကယ်ကြီး မျက်ရည်ထွက်လောက်အောင် ကြောက်လန့်သွားနိုင်တယ်။

ကျွန်တော် ကောင်မလေးရှေ့ကို လျှောက်သွားပြီး မေးလိုက်တယ်။

“မင်းက ဒီညအတန်းတက်မယ့် ကျောင်းသားတွေထဲက တယောက်လား။”

ကောင်မလေးက သူ့မျက်နှာကို ဆံပင်နဲ့ ကွယ်ထားတုန်းပဲ။ သူက အသံတိုးတိုးနဲ့ ပြောတယ်။

“အင်း”

အရင်က လီယွမ်ယွမ်ကိုသာ ကျွန်တော် မဆုံခဲ့ဘူးဆိုရင် ဒီကောင်မလေးနဲ့ ပတ်သက်ပြီး အန္တရာယ်ရှိတာတခုခုရှိလောက်မယ်လို့ တွေးမိမှာ။
Mr.Saw နဲ့ လီယွမ်ယွမ်ကို စဥ်းစားမိတော့ ဒီကျောင်းကကျောင်းသားတွေအတွက် တကယ်ကြီး မလွယ်ကူဘူးလို့ တွေးမိတယ်။ သူတို့တွေ အပြင်ထွက်ပြီး လူတွေနဲ့ စကားပြောရတာကို ကြိုက်မှာ မဟုတ်လောက်ဘူး။ ကျွန်တော် ကောင်မလေးကို ဆံပင်ဘေးသပ်လိုက်ဖို့ ဖိအားမပေးပါဘူး။

“ဒီညအတွက် ငါက ဆရာပါ၊ ရှန်ကျန်းကော်၊ ဆရာရှန်လို့ပဲ ခေါ်ပါ။ ဒီလို တယောက်တည်းထိုင်နေမယ့်အစား ဘာလို့ အတန်းထဲ ဝင်မလာတာလဲ။ မင်း ကြောက်လို့လား။”

ကောင်မလေးက ခေါင်းယမ်းပြတယ်။ သူ့အနက်‌ရောင်ဆံပင်ရှည်ကြီးက ရေတံခွန်လို လှိုင်းထသွားတယ်။

ကျွန်တော့် သူ့ဆံပင်လှလှလေးကို မြင်တော့ မနာလိုဖြစ်မိတယ်။ ဆံပင်ကအရမ်းထူတာပဲ။ ထိပ်ပြောင်မှာ တွေးကြောက်စရာမလိုဘူး။ ကျွန်တော့်နဖူးကို စမ်းကြည့်လိုက်တယ်။ ဒီနောက်ပိုင်းရက်တွေ ကျွန်တော် အိပ်ရာဝင်တာ နောက်ကျတယ်။ မနက်ဖြန်က ပိတ်ရက်ဖြစ်မယ်။ ကျောင်းအုပ်ကျန်းအနေနဲ့ အတန်းချိန်တချို့ကို နေ့ပိုင်းမှာ စီစဥ်ပေးပြီး ကျွန်တော့်အချိန်ဇယားကို ညှိပေးဖို့နဲ့ ကျွန်တော်ဆံပင်ကျွတ်တာကို ကာကွယ်ပေးဖို့‌ မျှော်လင့်ရတာပဲ။

“မင်းမကြောက်ရင် အတန်းထဲ ဝင်လာပါလား။”

သူက စကားမပြောဘူး။ ဒါပေမယ့် ကျွန်တော့်ဆီ လက်လှမ်းလာတယ်။ သူ့အနက်ရောင်ဆံပင်နဲ့ဆန်ကျင်ဘက် သူ့လက်တွေက ဖွေးစွတ်နေတယ်။ အမှောင်ထဲမှာတောင် လင်းနေသလိုပဲ။
အနက်ရောင်ဆံပင်ရှည်၊ ဖြူဝင်းတဲ့အသား၊ သွယ်သွယ်လျလျ ခန္ဓာကိုယ်။ ဒီကျောင်းသူလေးမှာ အလှမယ်တယောက်ရဲ့ လိုအပ်ချက်သုံးချက် ရှိတာပဲ။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now