အခန်း ( ၁၃.၁ )

2.7K 645 18
                                    

ကျွန်တော် အယူသီးတဲ့ အတွေးအခေါ်တွေကို စက်ဆုပ်ပေမယ့် အတန်းဖော်ဟောင်းက စိတ်ပူပေးတာကိုတော့ အသိအမှတ်ပြုပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် ဝေဝေဝါးဝါး ခေါင်းညိတ်ပြလိုက်တယ်။ ‌ရွှေ့ဖို့ဆိုမှ ကျွန်တော် H မြို့မှာ တိုက်ခန်းတခန်းဝယ်နိုင်ခဲ့ရင် သေချာပေါက် ရွှေ့နိုင်မှာ။ တိုက်ခန်းမဝယ်နိုင်ခင် အဆောင်မှာ အလကားနေရတာကိုက အတော်လေးအဆင်ပြေနေပြီ။

ကျွန်တော်တို့ သုံးယောက် သန့်စင်ခန်းကနေ ထွက်လာပြီး ဓာတ်လှေကားထဲကို သွားကြတယ်။ နင်ထျန်းချဲ့က ကျွန်တော်တို့ကို ဓာတ်လှေကားတံခါးရှေ့အရောက်မှာ တားလိုက်တယ်။ သူက အလေးအနက်ထားတဲ့မျက်နှာနဲ့ ပြောတယ်။

“ယင်စွမ်းအင်က အရမ်းသိပ်သည်းနေတယ်။ ဒီဓာတ်လှေကားဆင်တုန်းက မတော်တဆမှု ဖြစ်ခဲ့သေးလား။”

“ဖြစ်ခဲ့တယ်။” ရှားကျင်းက ပြောတယ်။ “ဒီနေ့ ကျွန်တော် အလုပ်ရောက်တာနဲ့ စုံစမ်းကြည့်ခဲ့တာ။ ဒီအဆောက်အဦးမှာ ဓာတ်လှေကားတွေ ဆင်တုန်းက ပစ္စည်းကျိုးပြီး အလုပ်သမားတယောက် ပြုတ်ကျပြီးဆုံးသွားတာကို တကယ်ကြီး သွားတွေ့တယ်။ မိသားစုဝင်တွေက ပြဿနာရှာဖို့ လာခဲ့ကြပေမယ့် စီမံကိန်းဆွဲတဲ့သူတွေက အကြွေးတွေကြောင့် ထွက်ပြေးသွားတာ ။ ကျန်ရစ်ခဲ့တဲ့ မုဆိုးမနဲ့ ကလေးကိုလည်း လျော်ကြေးမပေးခဲ့ဘူး။ စိတ်မကောင်းစရာဇာတ်လမ်းလေးပါ။”

“အဲ့တော့ ဒါကြောင့်ပေါ့” နင်ထျန်းချဲ့က သင်္ကေတတွေ ထွင်းထားတဲ့ သစ်သားပြားတပြားကို ထုတ်လိုက်တယ်။ “သူ့ရဲ့ မိသားစုအတွက် စိုးရိမ်ပူပန်မှုကနေ မကောင်းဆိုးဝါးဖြစ်လာခဲ့တာ။ သူ့ရဲ့ မကျေနပ်ချက်က အရမ်းပြင်းထန်တယ်။ ရင်ဆိုင်ရတာ ခက်ခဲလိမ့်မယ်။”

ကျွန်တော် သု့လက်က သစ်သားပြားပေါ်က လက်တံကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။

“ရှောင်နင် မင်းရဲ့ ဒီ သံလိုက်အိမ်မြှောင်က သိပ်အသုံးမဝင်ဘူးနော်။ လက်တံက ဆက်တိုက်လည်နေတယ်။”

ရှားကျင်းက ကျွန်‌တော့်နောက်စေ့ကို လှမ်းရိုက်ပြီး ပြောတယ်။

“မင်း ရူးနေလား။ အဲ့ဒါ မကောင်းဆိုးဝါးသံလိုက်အိမ်မြှောင်လို့ခေါ်တယ်။ အဲ့ဒါက သရဲတွေကို ညွှန်ပြပေးတာ။ လက်တံက ပတ်ဝန်းကျင်က ယင်စွမ်းအင်ကို တုံ့ပြန်တာ။ ပတ်ပတ်လည်မှာ သရဲတွေ ရှိနေလို့ လက်တံက လည်နေတာ။”

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now