အခန်း ( ၂၃ )

2.8K 645 96
                                    

ဒီနေ့ ကစ် ဘာသာပြန်ထားတဲ့ ဒီဝတ္ထုတွေကို NovelHD website မှာ တင်ထားတာ တွေ့လိုက်ရတယ်။ ကစ် တင်ထားတာ မဟုတ်ပါဘူး။ WP မှာ စာကော်ပီလို့မရတာကို ဘယ်လိုတင်လဲတော့ မသိဘူး။ ခွင့်လည်း မတောင်းထားဘူး။ ကစ် ဘာသာပြန်ထားတာလေးတွေကို စာမျှားချိတ်နဲ့ ဒီမှာပဲ တင်တာပါနော်။

ဒီနေ့အတန်းက နည်းနည်းလေးနောက်ကျသွားလို့ ကျွန်တော် စာသင်ချိန်ကြားထဲ အနားမပေးဘဲ နှစ်နာရီထိ စာသင်တယ်။ ကျောင်းသားတွေက ယဥ်ကျေးကြတယ်။ ဘယ်သူမှ အိမ်သာသွားဖို့ ခွင့်မတောင်းကြဘူး။ တချိန်လုံး သင်ခန်းစာကို လိုက်နားထောင်ကြတယ်။

စာအုပ်တွေ ညွှန်းပေးပြီးသွားတော့ ကျောင်းသားတွေ နားဖို့ ပြန်နိုင်အောင်လို့ အတန်းပြီးပြီလို့ ကြေညာလိုက်တယ်။

ဒီမှာ တခုခုထူးဆန်းနေတယ်။ ကျွန်တော်တို့မှာ ကျောင်းကားရှိပေမယ့် ကားဆရာက ကျောင်းသားတွေကို မကြိုဘူး။ ကျွန်တော့်ကိုပဲ ‌ဝင်ခေါ်တာ။ ဘာလို့မှန်း ကျွန်တော်မသိဘူး။
အဲ့ဒါကြောင့် ကျွန်တော်နဲ့ အနီးဆုံးရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ မုဟွိုက်ထုန်ကို မေးကြည့်လိုက်တယ်။

“ကျောင်းသူမု မင်း နေ့တိုင်း ကျောင်းကို ဘယ်လိုလာတာလဲ။ ဒီလောက်နောက်ကျနေတာ အပြင်ထွက်ရတာမကြောက်ဘူးလား။”

ကျွန်တော့်မှာသာ ကားရှိခဲ့ရင် “မင်းကို ဆရာ ကားနဲ့အိမ်ပြန်ပို့ပေးရမလား” ဆိုတဲ့ စာကြောင်း သေချာပေါက် ထပ်ထည့်လိုက်မှာ။

“ကျွန်မ ဒီတိုင်းပျံလာ...” မုဟွိုက်ထုန်က ခဏရပ်ပြီး တခစ်ခစ်ရယ်လိုက်တယ်။ “ကျွန်မဘာသာ ကားမောင်းလာတာ။”

နင်ထျန်းချဲ့က အဲ့စကားကြားတော့ ရယ်လိုက်တယ်။

မုဟွိုက်ထုန်ရဲ့ မျက်နှာ ချက်ချင်းတင်းသွားပြီး နင်ထျန်းချဲ့ကို မကျေမနပ်ကြည့်တယ်။

အဲ့ဒီတော့မှ ကျွန်တော်လည်း ဒီနှစ်ယောက်က ရန်သူတွေဆိုတာကို သတိရသွားတယ်။ မုဟွိုက်ထုန်ကို ပထမဆုံးအကြိမ် ဆုံတုန်းက သူ ကျွန်တော့်ကို ခြောက်ဖို့ သရဲယောင်ဆောင်ခဲ့တာ။ အနီရောင်လျှာအရှည်ကြီးထုတ်ပြီး ကျွန်တော့်လည်ပင်းကို လာပတ်လို့ ကျွန်တော် ဆွဲနုတ်ပစ်လိုက်တာ။ ဒါကိုမြင်တော့ အယူသီးမှုကြောင့် ရှောင်နင်က ဒီမိန်းကလေးကို သရဲထင်ပြီး သစ်သားဓားနဲ့ ထိုးဖို့ ကြိုးစားခဲ့တာ။ ပြီးတော့ သူ  ကျွန်တော့်အဝတ်တွေကိုလည်း ဖြဲခဲ့သေးတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now