အခန်း ( ၁.၁ )

5.3K 931 65
                                    

ရသလောက် ကြိုးစားကြည့်မယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော် ဖောင်တင်လိုက်ပြီး နောက်ကျ အဲ့ဒါကို မေ့သွားတယ်။ အဆုံးမှာ ဒီကုမ္ပဏီဘက်က ကျွန်တော့်ကို လာကမ်းလှမ်းလိမ့်မယ်လို့ မထင်ထားမိဘူး။

ကုမ္ပဏီက အလုပ်ကမ်းလှမ်းစာပါတဲ့ အီးမေးလ်ဖတ်နေတုန်းကဆို ကျွန်တော် ၀မ်းသာပီတိဂွမ်းဆီထိဖြစ်နေတာ။ ဒါပေမယ့် ကျွန်တော် ၀မ်းသာအားရ ပျော်လို့၀တော့ ဒီအလုပ်က တခုခုထူးဆန်းနေတာကို ခံစားမိတယ်။

ကန့်သတ်ချက်မပါတဲ့ အလုပ်ခေါ်စာ။အင်တာဗျူး တခုတောင်မရှိဘူး‌၊ ကျွန်တော့် ကိုယ်ရေးအကျဉ်းကို တချက်ကြည့်ပြီး ကျွန်တော့်ကို ခန့်ဖို့ ဆုံးဖြတ်လိုက်ကြတာ။ ကြည့်ရတာ ငွေညှစ်တဲ့ MLM အလုပ်မျိုးထင်ပါရဲ့။ ကံကောင်းတာက ပြန်စာထဲ ဖုန်းနံပါတ်တခုပါနေတယ်။ ဘာဖြစ်နေလဲသိရအောင် ကျွန်တော် ဖုန်းအရင်ခေါ်ကြည့်လို့ရတာပဲ။

94444 ကို ခေါ်လိုက်တယ်။ခဏနေတော့  အလိုအလျောက်ပြန်ဖြေတဲ့ အမျိုးသမီးအသံတသံ ထွက်လာတယ်။

"စိတ်မကောင်းပါဘူးရှင်။ ဒီအပြည်ပြည်ဆိုင်ရာကုမ္ပဏီရဲ့ အချိန်ကွာခြားချက်ကြောင့် ညသန်းခေါင်ကျော်မှ ဖုန်းခေါ်ပေးပါရှင်"တဲ့။

‌ကျွန်တော် အသေအချာလေး စဥ်းစားကြည့်ပြီးတော့ ဒီလို အခွင့်အရေးမျိုးကို လက်လွှတ်မခံသင့်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ တကယ်အမှန်အကန်ဆို ဘယ်လိုလုပ်မလဲ။ အဲ့ဒီည သန်းခေါင်ရောက်တော့ ကျွန်တော် အဲ့နံပါတ်ကို ထပ်ခေါ်လိုက်တယ်။

ဒီတကြိမ်တော့ တယောက်ယောက်က ပြန်ဖြေတယ်ဗျ။ အမျိုးသမီးတယောက်။ သူ့အသံက အေးစက်စက်နဲ့  ဖြေးဖြေးချင်းပြောတာ။
လိုင်းမကောင်းဘူး။

"ဟယ်လို"

ကျွန်တော် လည်ချောင်းရှင်းပြီး အယဉ်ကျေးဆုံးလေသံနဲ့ပြောလိုက်တယ်။

“ဟယ်လို။ ကျွန်တော်က အရင်ရက်တုန်းက ဖောင်တင်ထားခဲ့တဲ့ ရှန်ကျန်းကော်ပါခင်ဗျ။ အစ်မရဲ့ ပြန်စာကို ဒီနေ့ရပါတယ်။ ကျွန်တော့်ကို အခွင့်အရေးပေးလို့ အများကြီး၀မ်းသာမိပါတယ်။ ဒါပေမယ့်လေ ကျွန်တော့်ကို ခုထိ လူတွေ့မေးတာမျိုးမလုပ်ရသေးလို့ပါ။ အလုပ်ခန့်တာ သေချာရဲ့လားဗျ။ ကျွန်တော့်ကိုလည်း မတွေ့ရသေးတော့ ကျွန်တော်က အစ်မလိုအပ်တဲ့ လူမျိုးဆိုတာ ဘယ်လိုသိမလဲလို့လေ။”

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now