အခန်း ( ၈.၁ )

3.2K 720 17
                                    

ကျောင်းအပြင်ကို ထွက်ပြေးဖို့ မုဟွိုက်ထုန်မှာ အချိန်အလုံအလောက်ရသွားလောက်ပြီလို့ ကျွန်တော် ခန့်မှန်းလိုက်တယ်။ ကျွန်တော် ထရပ်လိုက်တာနဲ့ အဝတ်အစားအပိုင်းအစတွေ ကျွန်တော့်ဆီကနေ ဝဲပျံသွားတယ်။ ကျွန်တော် မြေကြီးပေါ် ကျနေတဲ့ ဖုန်းကို ကောက်လိုက်ပြီး ဂျက်ကက်ပိုင်းအစတွေကို မီးရောင်နဲ့ လိုက်ကောက်လိုက်တယ်။ ကျွန်တော် အမှိုက်တွေကို ကော်ရစ်ဒါမှာ ဒီတိုင်း ပစ်မထားနိုင်ဘူး။

အဲ့ဒီလျှာကို ကျွန်‌တော် ခဏလောက် မတွေ့မိဘူး။ မုဟွိုက်ထုန် ယူသွားတာဖြစ်နိုင်တယ်။ သူက သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ကာကွယ်ဖို့ အ‌လေးထားတဲ့ ကျောင်းသူကောင်းတယောက်ပဲ။ နောက်ခါ သူအတန်းထဲ ရှိရင် သူ့ကို ချီးကျူးပေးရမယ်။

ဖုန်းမီးရောင်မှိန်မှိန်ထဲမှာ လူငယ်က ကျွန်တော့်ကို အေးစက်စက်စိုက်ကြည့်နေတယ်။ သူ့အကြည့်တွေက ဓားတချောင်းအလားပဲ။

သူ စကားမပြောဘဲ ခဏလောက် ကျွန်တော့်ကို စိုက်ကြည့်တယ်။ ပြီးတော့ တတိယနှစ်စာသင်ခန်း လေးခန်းမြောက်ဆီကို ထွက်သွားတယ်။ အဲ့စာသင်ခန်းထဲမှာ ကျွန်တော့်ကျောင်းသားတွေ ကျွန်တော့်ကို စောင့်နေတာကို သတိရသွားတယ်။ ကျွန်‌တော့်ပေါင်ကို ပုတ်ပြီး လူငယ်နောက်ကို လိုက်လာခဲ့တယ်။

စာသင်ခန်းတံခါးက ဟနေတယ်။ မီးတွေလည်း ပိတ်ထားပြီး ကျောင်းသားတွေလည်း မရှိဘူး။ wechat မှာ စာဝင်သံကြားလို့ ကျွန်တော် ဖွင့်ကြည့်လိုက်တယ်။

ဒီနေ့ရဲ့ အရေးပေါ် အခြေအနေကြောင့် တခြားရက်မှ သင်ဖို့ အတန်းကို ဖျက်လိုက်တယ်။ မင်းရဲ့ လစာကိုလည်း ပုံမှန်လိုပဲ အလုပ်ချိန်အပြည့်အတွက် ပေးမယ်။

ကျောင်းအုပ်ကျန်းက နွေးထွေးကြင်နာတတ်တဲ့ လူတယောက်ပဲ။ ကျွန်တော် ရင်ထဲထိသွားပြီး စာပြန်လိုက်တယ်။

ကျောင်းအုပ်ကျန်း ခင်‌ဗျား အရင်တခေါက်က ခေါ်လာတဲ့ ပညာရှင်ဆိုတဲ့ တယောက် ရောက်လာြီး ကျောင်းသူတယောက်ကို ရိုက်နှက်ချင်နေတယ်။ သူ့စရိုက်က အလွန်အကျွံများဖြစ်မနေဘူးလား။ 

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now